News

POST TAGGED AS

စာရေးဆရာ

ဖမ်းဆီးခံထားရသော ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နှင့် မြောက်ဦးပဋိပက္ခကြောင့် အဖမ်းခံထားရသော လူငယ်များကို အမြန်ဆုံး လွှတ်ပေးရေးအတွက် မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ရက် မွန်းတည့်ချိန်က လူ ၆၀၀ ခန့် က ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ စုံစမ်းသိရသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန် လွှတ်ပေးရေး အပါအဝင် မြောက်ဦးပစ်ခတ် နှိမ်နင်းမှုကို ဥပဒေနှင့်အညီ စစ်ဆေးပေးရေးအတွက် မင်းပြားမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက် မွန်းတည့်ချိန်က လူ ၁၀၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင့်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ် ပွဲစီစဉ်သူတို့ကို ဒီနေ့ မနက် ၁၀ နာရီကျော်က ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဒီသတင်းကို သတင်းထောက် ခိုင်မင်းညိုက ရိုက်ကူးထားပါတယ်။
ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖမ်းဆီး ချုပ်နှောင်ခံရသူများ၊ အရေးယူခံရမည့်သူများကို ဥပဒေပိုင်းဆိုင်ရာမှ အထောက်အကူပြုနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည်။
ရခိုင်တိုင်းရင်းသား စာရေးဆရာ အသက် ၃၄ နှစ် ဝေဟင်အောင်ကို ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) ညနေ ၆နာရီခန့်က စစ်တွေမြို့၊ ကျေးပင်ကြီး ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စစ်တွေမြို့မ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းထံမှ သိရသည်။
စာပေလူကြမ်းမင်းသားကြီး စာရေးဆရာ ဦးအောင်သင်း ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ဇာတိဖြစ်သော တောင်တွင်းကြီးတွင် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်မည့် လောကအလင်း စာကြည့်တိုက် တာဝန်ရှိသူများထံမှ သိရှိရသည်။
သတင်းစာဆရာ၊ စာရေးဆရာ မောင်စူးစမ်း (ခ) ရဲဘော်ချမ်းအေးမှာ ဇူလိုင်လ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်က ၎င်းနေထိုင်ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မန္တလေးလမ်းရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေဝေးသုဿန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း စာရေးဆရာ မောင်စူးစမ်း၏ မိသားစုထံမှ သိရသည်။