News

POST TAGGED AS

စာမေးပွဲ

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် အသေးစား ရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များကိုပါ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
အိုးဘိုထောင်စာစစ်ဌာန၌ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ထောင်ကျ အကျဉ်းသား အကျဉ်းသူ အရေအတွက် ယမန်နှစ်ထက်ငါးဆရှိကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ထံမှ သိရသည်။
အင်းစိန်ထောင်မှ ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများအတွက် အင်္ဂလိပ်စာ ဘာသာရပ်သင်ကြားပေးရန် စေတနာ့ဝန်ထမ်းဆရာ ၁၀ ဦးက ကမ်းလှမ်းထားကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
ကျောင်းသားများ သွားလာရေး ခက်ခဲခြင်းကြောင့် လာမည့် ဖေဖော်ဝါရီလအတွင်း ဖြေဆိုမည့် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ မိမိကျောင်း၌သာ စာစစ်ဌာနဖွင့်ကာ ဖြေဆိုခွင့်ပြုကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။
စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များကို ရန်ကုန်ပညာရေး တက္ကသိုလ်တွင် ယနေ့(နိုဝင်ဘာ ၂၅ ရက်)မှ ၂၇ ရက်အထိ သုံးရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။
မန္တလေးပညာရေးကောလိပ်မှ စာမေးပွဲဖြေသည့် အခန်းများအတွင်းသို့ မိုးရေများဝင်ရောက်လျက် ရှိသည့်အတွက် ဆရာ၊ ဆရာမများ မိုးရေထဲတွင်ဖြေဆိုနေကြရကြောင်း ယင်းကောလိပ်ကျောင်းအုပ်ကြီး ဦးဘိုမြင့်ကအ တည်ပြုပြောကြားသည်။
ဖြည့်စွက်ချက်၊ အမှားအယွင်းရှိပါက တာဝန်ရှိသူမှ လိုအပ်ချက်များကို တောင်းခံနိုင်ရန် ဖောင်၏ ဖုန်းနံပါတ်ဖြည့်သည့် နေရာတွင် မိမိအား အချိန်မရွေး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ကိုသာ ဖြည့်စွက်ပေးစေချင်ပါသည်
ဆယ်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များ ယခုပညာသင်နှစ်တွင် ပြောင်းလဲမည် မဟုတ်သေးကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၏ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နီလာဝင်းက ပြောကြားသည်။
29-Jun-2017 tagged as စာမေးပွဲ
“တော်တဲ့ကလေးတွေ အတွက် မေးခွန်းပုံစံပြောင်းတာ ဘာမှမထူးခြားပေမယ့် ညံ့တဲ့ကလေးတွေကျတော့ သိသိသာသာ ထူးခြားသွားမယ်”
ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာကို မတ်လ ၈ ရက်တွင် စတင်စစ်ဆေးခဲ့သည်။ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာန ၁၅၉၄ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၇ ခုတွင် ကျောင်းသားပေါင်း ၇၆၀,ဝ၀ဝ ကျော်စာရင်းပေးပြီး ၇၁၀,ဝ၀ဝ ကျော် ဖြေဆိုခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် စာမေးပွဲ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၅၁,ဝ၀ဝ ကျော်ရှိသည်။