News

POST TAGGED AS

စာပေပွဲတော်

27-Oct-2017

ပြည်
ပြည်ရွှေဆံတော်ဘုရားပွဲ ယခင်နှစ်ထက် လုံခြုံရေး တိုးမြှင့်မည်

ပြည်၊ အောက်တိုဘာ၂၆

ပြည်ရွှေဆံတော်ဘုရား ၁၁၈ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်ပူဇော်ခံပွဲကို ယခင်နှစ်များထက် လုံခြုံရေး တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ပြည်ခရိုင် ဒုတိယရဲမှူး ပြုံးလွင်က ပြောကြားသည်။

ယခုနှစ်အတွင်း လူသိများ အထိတ်​တလန့်ဖြစ်စေခဲ့သော မှုခင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုံခြုံရေးကို တိုးမြှင့်ချထားမည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဒေသခံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပုံမှန်လုံခြုံရေး တစ်ရာလောက်ဆို အခု ၁၂၀ ကနေ ၁၅၀ အတွင်းပေါ့။ မီးသတ်တွေ၊ အရပ်ဘက်တွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင် ကူညီမှလည်း ဒါကပိုပြီး အောင်မြင်မယ်။ ပုံမှန် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေရော ထားရှိမှာပါ”ဟု ဒုတိယရဲမှူးပြုံးလွင်က ဆိုသည်။

ပြည်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအပြင် ခရိုင်အတွင်းရှိ ကျန်မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့နယ်ခရိုင် ရဲစခန်းများတွင် အရန်သင့် အဖွဲ့များ ထားရှိသွားမည်ဖြစ်ကြောင်း ပြည်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ရွှေဆံတော်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နှစ်စဉ် ဘုရားဖူးဦးရေ သိန်းချီ လာရောက်လေ့ရှိသည့်အပြင် စွယ်တော် မြို့တွင်း လှည့်လည်ပူဇော်ခံသည့်နေ့တွင် လာရောက်သူ ပိုမိုများပြားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

M-06

  • VIA


FOLLOW US