News

POST TAGGED AS

စာသင်ကျောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် မြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါ ဆောင်များကို ကေအိုင်အိုလက်နက်ကိုင်အဖွဲ့က ငွေတောင်းခံစာ ပေးပို့ပြီးနောက် မူဆယ်မြို့ အစိုးရကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများကို လုံခြုံရေးပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟရင်ပီး (ခ) ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် တာဝန်ကျသည့်ဆရာ၊ ဆရာမများအပါအဝင် ပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များလည်း ရောက်မလာသေး၍ ကျောင်းဖွင့်ပြီး ၁၅ ရက်ကျော်ကြာသည်အထိ စာမသင်ကြားနိုင်သေးကြောင်း ယင်းကျောင်းမှ ကျောင်းအုပ် ဦးဟရန်အုပ်က ပြောကြားသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် လမုန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနိုင်ရန် စာသင်ဆောင်နှင့် ဆရာ၊ ဆရာမ နေအိမ်အဆောင်များ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း ယင်းကျောင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
ပြင်သစ်နိုင်ငံရှိ အစိုးရစာသင်ကျောင်းများတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုကို ပိတ်ပင်မည့်ဥပဒေတစ်ရပ်ကို ပြင်သစ်လွှတ်တော်မှ ဥပဒေပြုအမတ်များက သဘောတူညီချက် ပေးလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဧရာဝတီတိုင်းရှိ စာသင်ကျောင်းများဆောက်လုပ်ရာတွင် အရည်အသွေးမမီဘဲ ဆောက်လုပ်သောကုမ္ပဏီနှင့် ယင်းကုမ္ပဏီများကို ငွေထုတ်ပေးနိုင်ရန် ထောက်ခံချက်ပေးခဲ့သော တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနက် စာသင်ကျောင်း ၄၀ ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ကလေးမြို့နယ်၊ ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှစ်ကျောင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။