News

POST TAGGED AS

စာသင်ကျောင်း

တနိုင်း လမုန်ကျေးရွာစာသင်ကျောင်း စာသင်ဆောင်များလိုအပ်
မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် လမုန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနိုင်ရန် စာသင်ဆောင်နှင့် ဆရာ၊ ဆရာမ နေအိမ်အဆောင်များ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း ယင်းကျောင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

အဆိုပါကျောင်းသည် ယခုနှစ်အထက်တန်းကျောင်းခွဲဖြစ်သည့်အတွက် ကျောင်းသားဦးရေတိုးလာခြင်းကြောင့် ကျောင်းဆောင်လုံလောက်မှုမရှိသည့်အပြင် ဝါးဖြင့်ဆောက်လုပ်ထားသော အဆောင်၌ ကျောင်းသားများ စာသင်ကြားနေရပြီး ဆရာ၊ ဆရာမများအတွက်လည်း နေအိမ်အခက်ခဲဖြစ်နေကြောင်း ယင်းကျောင်းဆောင်ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူ ရပ်မိရပ်ဖိ ဦးအောင်ကျော်ဦးက ပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးတို့နှင့် ညှိနိုင်းကာဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း တနိုင်းမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောဆိုသည်။ 

R-06



FOLLOW US