News

POST TAGGED AS

စဥ့်လုပ်ငန်း

21-Feb-2018

ဘဏ် ရွှေဘို
ရွှေဘိုတွင် စိုက်/ဘဏ်ချေးငွေ ကျပ်သိန်းသုံးထောင်ကျော် ဆပ်ရန်ကျန်
ရွှေဘို၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ချေးငွေ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးငွေ ကြွေးကျန်ဆပ်ရန် ကျပ်သိန်းသုံးထောင်ကျော် တောင်သူများထံတွင် ကျန်ရှိနေသေးကြောင်း အဆိုပါဘဏ်ထံမှ စုံစမ်းသိရှိရသည်။

ယင်းချေးငွေကျန်ရှိနေမှုနှင့် ပတ်သက်၍ တောင်သူများနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးကောက်ခံလျက်ရှိနေပြီး ချေးငွေဆပ်ရန်ညှိနှိုင်းမရပါက တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်ကျော်က ပြောကြားသည်။

ရွှေဘိုမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် မိုးစပါးထုတ်ချေးငွေမှ ၂၀၁၆ ခုနှစ် မိုးစပါးချေးငွေအထိ ကြွေးကျန်ဆပ်ရန် ကျန်ငွေ ကျပ်သိန်း ၃၆၄၉ ဒသမ၂ သိန်း ကျန်ရှိနေခြင်းဖြစ်ကြောင်း ယင်းဘဏ်မှ သိရသည်။

R-09



FOLLOW US