News

POST TAGGED AS

စပိန်

သောမတ်စ်လီမာကိုခေါ်ယူရန် လီဗာပူးအသင်း ပြောင်းရွှေ့ကြေး ပမာဏပေါင် ၇၄ သန်းဖြင့် ကမ်းလှမ်း

လီဗာပူး၊ သြဂုတ် ၂၈

လီဗာပူးအသင်းသည် မိုနာကို လူငယ်ကွင်းလယ်ကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၄ သန်းဖြင့် ဆက်သွယ် ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

သောမတ်စ်လီမာသည် အစောပိုင်း၌ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အလိုရှိသည့် ပစ်မှတ်ကစားသမား စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေခဲ့ပြီး ၎င်းတို့၏ ကမ်းလှမ်းမှု သုံးကြိမ်ကို မိုနာကိုက ငြင်းဆန်ပယ်ချလိုက်အပြီးတွင် လီမာကိုခေါ်ယူရေးအား အာဆင်နယ်က လက်လျှော့လိုက်ပြီဖြစ်သည်။

အာဆင်နယ်သည် လီမာအတွက် တတိယအကြိမ်မြောက် ဆက်သွယ် ကမ်းလှမ်းရာတွင် ပြောင်းရွှေ့ကြေး ပမာဏကို ပေါင်သန်း ၅၀ အထိ တိုးမြှင့်ပေးခဲ့ပြီး ယင်းကမ်းလှမ်းမှုကို မိုနာကိုဘက်က ငြင်းဆန်ပယ်ချလိုက်အပြီးတွင် နည်းပြအာစင်ဝင်းဂါးက လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်အတွင်း၌ မိုနာကိုမှာ အတိုင်းအတာ တစ်ရပ်အထိ ကစားသမားများ ရောင်းထုတ်ခဲ့ပြီးပြီဖြစ်၍ လီမာကို အသင်း၌ ဆက်ထိန်းထားရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းမည့်သဘောမျိုး ရှိနေခြင်းကြောင့် ၎င်းတို့အနေနှင့် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ခြင်းပြီဟု ပြောကြားသွားခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လီဗာပူးအသင်း ရယူလိုက်နိုင်အပြီးတွင် ထိပ်တန်းအဆင့် ကစားသမားအချို့ ခေါ်ယူရန် ဒါရိုက်တာဘုတ်အဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေပြီး မိုနာကိုတိုက်စစ်မှူး လီမာနှင့် ဆောက်သမ်တန်ခံစစ်မှူး ဗန်ဒစ်ဂ်ျတို့မှာ ဂျာဂင်ကလော့ပ်၏ ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများဖြစ်ကြသည်။

လီဗာပူးသည် လီမာအတွက် ၎င်းတို့ကမ်းလှမ်းထားသည့် ပြောင်းရွှေ့ကြေး ပမာဏမှာ အာဆင်နယ် နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့သည်ထက် ပေါင် ၂၄ သန်း ပိုမိုများပြားသည့်အတွက် မိုနာကိုမှာ ၎င်းင်းတို့၏ ကစားသမားကို ရောင်းထုတ်ပေးရန်အတွက် စိတ်ပြန်လည်လာနိုင်သည်ဟု မျှော်လင့်လျက်ရှိသည်။



FOLLOW US