News

POST TAGGED AS

စပါး

07-May-2017 tagged as စပါး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် စပါးကြိတ်ခွဲရန် လုပ်သားရှားပါးမှုကြောင့် ဆန်စက် ၅၀ ကျော်တွင် စပါး အမြောက်အမြား စုပုံထားရကြောင်း တိုက်ကြီးမြို့နယ်ရှိ ဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။
14-Mar-2017 tagged as စပါး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ယမန်နှစ် စိုက်ပျိုးရာသီက ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု ငါးခုမှ မိုးစပါးစိုက်တောင်သူ ၄၀၀ ကျော်ကို ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၉ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စပါးမျိုးတင်း ၂၀၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။
16-Jan-2017 tagged as စပါး
စပါးနည်းပြ ပိုချက်တီနိုသည် စပါးက ဝက်စ်ဘရွန်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်း၏ အဓိက နောက်ခံကစားသမားတစ်ဦး ဖြစ်သည့် ဗာတွန်ဂန် ထိခိုက်ဒဏ်ရာ ရသွားခဲ့သော်လည်း ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လက်ရှိ ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမည် မဟုတ်ဟု အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့သည် မနက်ဖြန် (နိုဝင်ဘာလ ၁၉ ရက်) တွင် ၎င်းတို့နှစ်သင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲစတင်မီတွင် ဝမ်းနည်းခြင်း တစ်မိနစ် ငြိမ်သက်ရပ်တန့်၍ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့သော ဆယ်ကျော်သက် ကစားသမားတစ်ဦးအတွက် အောက်မေ့ခြင်း အထိမ်းအမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Nov-2016 tagged as ဆန္ဒပြ စပါး
စပါးဈေးကျဆင်းမှုကြောင့် လယ်သမားများ ဒုက္ခရင်ဆိုင်နေရကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ကျောက်တံတားမြို့မရဲစခန်းထံမှ သိရသည်
ပြောင်းလဲချိန်တန်ပြီ ဆိုသည့် ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း မပြောင်းလဲသေးသည်က လယ်သမားတို့၏ ဘဝများ ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများ၏ ‘တောင်သူဦးကြီးများ’ ဟု ဂုဏ်ပြုခံခဲ့ရသည့် လယ်သမား လူမွဲများမှာ ယနေ့အချိန်ထိ ပြောင်ပြောင်ရောင်ရောင် မရှိကြသေးပေ။ လယ်သမားများ၏ ဘဝများနည်းတူ မပြောင်းလဲသည့် အစဉ်အလာ တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အခြားမဟုတ်။ စပါးပေါ်ချိန် စပါးဈေးနှုန်းများ ကျဆင်းလေ့ ရှိခြင်းပင် ဖြစ်သည်။
01-Sep-2016 tagged as ပုသိမ် စပါး
"နစ်မြုပ်လယ်တွေ ပြန်စိုက်ဖို့ တိုင်းဒေသကြီး အစိုးရက မျိုးစပါးတင်း နှစ်သောင်းကျော် အသင့်ရှိနေပါတယ် ၊ လိုအပ်ချက်ပေါ် မူတည်ပြီး မျိုးစပါး တင်းပေါင်း ငါးသောင်းကနေ တစ်သိန်းအထိ ဖြည့်တင်းဖို့ စီမံထားပါတယ်၊ မျိုးစပါးတွေကို ရေနစ်မြုပ်တဲ့ တောင်သူတွေဆီကို အခမဲ့ ဖြန့်ဝေသွားမှာပါ"