POST TAGGED AS

စပါး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလျှင် ရေပေးသည့် ကန်သာယာကန် ပြုပြင်နေသည့်အတွက် ရေပေးချိန်နောက်ကျခြင်းကြောင့် နွေစပါးစိုက်ဧက တစ်ထောင်ခန့် စိုက်ပျိုးချိန် နောက်ကျကြောင်း အဆိုပါမြို့နယ်ရှိ ဒေသခံ လယ်သမားများထံမှ သိရသည်။
ဆန်စပါးဈေးကောင်းချိန်စောင့်၍ သိုလှောင်ရောင်းချနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သိုလှောင်ရုံများ တည်ဆောက်ရန် အစိုးရအနေနှင့် ကျပ်ငွေ ၁၅ ဘီလီယံ လျာထားပေးရန် ဆန်စပါးလုပ်ငန်းရှင်များက အစိုးရထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
စပါးပေါ်ချိန်တွင် သာမန်စပါးအမျိုးအစားများသည် ဈေးနှုန်းကျဆင်းလေ့ရှိသည့်အတွက် လယ်သမားအများစု၏ အကျိုးစီးပွားကာကွယ်ရန် ဧည့်မထ၊ ဇီယာစသည့် သာမန်မျိုးစပါးဈေးကို တင်းတစ်ရာလျှင် (၄၆ ပေါင်) ကျပ် ငါးသိန်း အခြေခံဈေးထားပြီး ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်သည်။
27-Feb-2018 tagged as စပါး
စပါးအပါအဝင် သီးနှံများကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ အခြောက်ခံ သိုလှောင်ထိန်းသိမ်းနိုင်သည့် သတ္တုတိုင်ကီ(Silo)များကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်မည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်ပနိုင်ငံများသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ထိရောက်သည့် အကြံပြုချက်စာတမ်းတစ်ခုကို အစိုးရထံ တင်ပြရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
17-Feb-2018 tagged as စပါး
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် မိုးစပါးစိုက်ဧက သုံးရာခန့်အတွက် နစ်နာကြေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပေးလျော်ခဲ့ကြောင်း ဝက်လက်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောကြားသည်။
03-Feb-2018 tagged as စပါး တောင်ငူ
တောင်ငူခရိုင်ရှိ တောင်ငူ၊ အုတ်တွင်း အပါအဝင် ၆ မြို့နယ်တွင် မိုးစပါးသစ် ဈေးကောင်း ရရှိနေသော်လည်း ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ စပါးအဝင်လျော့နည်းသွားကြောင်း စပါးကုန်သည်များထံမှ သိရသည်။
22-Jan-2018 tagged as ရန်ကုန် စပါး
မြန်မာနိုင်ငံတွင် သုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီသည့် စပါးအစိုဓာတ်တိုင်း ကိရိယာများကို သုံးစွဲလျက်ရှိသောကြောင့် ယင်းကိရိယာစံနှုန်းများကို ဇန်နဝါရီလ တတိယပတ်မှစကာ စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က ပြောကြားသည်။
31-Dec-2017 tagged as စပါး ရွှေဘို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဆစ်ပိုးကျရောက်မှုကြောင့် ယခင်နှစ်က မိုးစပါးအထွက်နှုန်းမှာ တစ်ဧက တင်း ၅၀ အောက်သို့ လျော့နည်းခဲ့သော်လည်း ယခုနှစ်တွင် အထွက်နှုန်း ပြန်လည်မြင့်ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်မှ ယခုနှစ် မိုးရာသီကာလ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ဧက ၃၄၀ဝ ကျော် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့သော်လည်း သတ်မှတ်ချက်ကို မပြည့်မီသေးကြောင်း ကလေးခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောကြားသည်။