News

POST TAGGED AS

စည်ပင်

ဒုတိယ ရက်တစ်ရာ စီမံချက်တွင် ပြည်သူ အခြေပြုသော မူးယစ်ဆေး ကုသရေး လုပ်ငန်းများ ပြုလုပ်မည်
ရန်ကုန်၊ သြဂုတ် ၂၁

ယခုနှစ် ဒုတိယ ရက်တစ်ရာ စီမံချက်အတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းစဉ် အနေနှင့် လူထု အခြေပြုသည့် မူးယစ်ဆေးဝါး ကုသရေး အစီအစဉ်များကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ထပ်တိုး ရက်တစ်ရာ စီမံချက်ကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ  ဒီဇင်ဘာလ ၁ဝ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ မူးယစ် ဆေးဖြတ်ဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့တွင် မူးယစ် အသိပညာပေးရေး အပါအဝင် မက်သတုန်းဆေး တိုက်ကျွေးသည့် ဆေးဖြတ်နည်းများဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မူးယစ် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောကြားသည်။

“မူးယစ်ဆေးဝါး ပြဿနာရဲ့ ဆိုးကျိုးကို ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အသိပညာပေး ဆောင်ရွက်သွားမယ်။ ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေးစွဲ လူနာတွေကို မက်သတုန်း ဆေးရည် တိုက်ကျွေးပြီး အစားထိုး ဆေးဖြတ်နည်းတွေ ပိုမို လုပ်ဆောင်ဖို့ အပိုင်းလိုက် မူဝါဒတွေ ရေးဆွဲနေပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းအပြင် ယခင် ဆောင်ရွက်ခဲ့သော ပထမ ရက်တစ်ရာ စီမံချက်ကာလတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် မေ လ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အတွင်း နိုင်ငံအနှံ့မှ မူးယစ်ဆေးဝါးများကို စီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာ အမှုပေါင်း ၂၇၃၃ မှုမှ တန်ဖိုးငွေကျပ် သန်း ၁၆ဝ,ဝဝဝ ကျော်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ ၂၇၇၈ ဦးကို  ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ဗဟို)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 




FOLLOW US