News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်တိုင်း၌ ယခုဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်တို့မှ မြို့နယ် ခုနစ်ခုတွင် လမ်းဖောက်ရန် ကျပ် ၄၇ ဘီလီယံကျော် ထပ်တိုး သုံးစွဲခွင့်ကို ပြည်ထောင်စုအဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ခွင့်ပြုထားပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်အနက် ကျောက်တံတားမြို့နယ်တွင် နောက်ဖေးလမ်းကြား အမှိုက်ပစ်ခြင်းကို စီစီတီဗီဖြင့်ကြည့်ရှုကာ အရေးယူခြင်းကို ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။
စည်ပင်သာယာ၏ ညွှန်ကြားချက်၊ တားမြစ်ချက်ကို လိုက်နာခြင်းမရှိဟုဆိုကာ ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ ILBC ကျောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ အက်ဥပဒေဖြင့် ပုဒ်မထပ်တိုးကာ တရားစွဲထားကြောင်း ရန်ကင်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် အဆင့်မြင့် မြို့ဝင်တိုးဂိတ်များကို ဆောက်လုပ်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားကာ မတ်လအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှာ တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်နယ်လွှတ်တော်တွင် ဆုံးဖြတ်မှု အစီရင်ခံစာကို ဇန်နဝါရီလ ၅ ရက်က နိုင်ငံတော်သမ္မတထံ ပေးပို့လိုက်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောသည်။
ရန်ကုန်မြို့တော်လှပစေရေးအတွက် ပထမဆုံး ရှေ့ပြေးစီမံချက်အဖြစ် စတင်ခဲ့သည့် ရန်ကုန်မြို့ ၂၇ လမ်း (အောက်ဘလောက်) ရှိ နောက်ဖေးလမ်းကြားဥယျာဉ်ကို တိုက်များပေါ်မှ အမှိုများ၊ ထမင်းရည်များ ပစ်ချမှုများကြောင့် ခေတ္တပိတ်ထားကြောင်း ယင်းလမ်းနေ ပြည်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ်၌ အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးနှင်းထွန်းတိုးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှသိရသည်။
စည်ပင်သာယာ နယ်နိမိတ်အောက်ရှိ ဈေးများ၌ ပြည်ပမှ တရားမဝင်တင်သွင်းသည့် အေးခဲဝက်သားများ ရောင်းချမှုမရှိစေရန် စီမံချက်ရေးဆွဲ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။
မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်မည် ဖြစ်သောကြောင့် စီမံကိန်းနှင့် မလွတ်ကင်းသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ် အဆောက်အအုံကို ဒီဇင်ဘာလ တတိယပတ်မှ စတင်ကာ ဖြိုဖျက်နေကြောင်း၊ ဖျက်သိမ်းရေးလုပ်ငန်း ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း)မှ လေးပေပတ်လည် ကုန်စိမ်းဆိုင်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၃၀နှင့် ၆၀ကြား အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသူဈေးသားများထံမှ စုံစမ်းသိရသည်။