News

POST TAGGED AS

စည်ပင်သာယာရေး

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တွင်းနေရာအချို့တွင် Food Court (နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်တန်း) များ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ယင်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ထားကြောင်း ယင်းကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မိတ္ထီလာမြို့လယ်ရပ်ကွက်များမှ စွန့်ပစ်ရေများစီးဆင်းရာ အဓိကရေထွက်ပေါက်ဖြစ်သော စည်သူချောင်း တိမ်ကောနေပြီဖြစ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီက ပြန်လည်ဆယ်ယူနေပြီဖြစ်သည်။
မိတ္ထီလာမြို့၌ လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေး ပိုမိုကောက်ခံသောဂိတ်သုံးခု စစ်ဆေးတွေ့ရှိရသဖြင့် သတိပေးအရေးယူမှု ပြုလုပ်ရန်ရှိကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။
တဖြည်းဖြည်းနဲ့ လိစ္ဆဝီမင်းသားတွေအကြားမှာ အချင်းချင်း သံသယတွေ ဝင်လာပြီးတော့ အရင်လို ယုံယုံကြည်ကြည် မပြောဖြစ် မဆိုဖြစ်ကြတော့ဘူး။ စကားကို ထိန်းသွားကြပြီ။ ပြောရမယ့်ဟာ မှန်သမျှ အကုန်လုံးတော့ မပြောဖြစ်၊ မတိုင်ပင်ဖြစ်ကြတော့ဘူး။ ဘယ်သူ့ရဲ့လှည့်ကွက်က ဘာဖြစ်မလဲ ဆိုတာမျိုးနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့် အကဲခတ်ကြတော့တဲ့ အနေအထားတွေအထိ ရောက်လာတယ်။ နောက်ဆုံးတော့ ဂိုဏ်းဂဏတွေပါ ကွဲကုန်ကြတယ်ဆိုပါတော့။
နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေး ဆိုင်ရာသုံးစွဲခြင်း စည်းကမ်းချိုးဖောက်မှု အပါအဝင် အခြားသောကိစ္စရပ်များကြောင့် ရာထူးလျှော့ချခံရသော ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပင်စင်ဖြင့် နုတ်ထွက်ခွင့်လျှောက်ထားမှုကို တိုင်းအစိုးရက လက်မခံကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ရာတွင် လူတစ်ဦးလျှင် မဲတစ်မဲ ပေးခွင့်ရရန် လက်ရှိစည်ပင်ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက မကွေးဟိုတယ်တွင် ဧပြီ ၂၈ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။
ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေဖြင့် ရာထူးအဆင့် လျှော့ချကာ အရေးယူဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာသုံးစွဲမှု စည်းကမ်းချိုးဖောက်မှုလည်း ပါဝင်ကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် သင်္ကြန်ကာလအတွင်း ရရှိထားသည့် အခွန်ငွေများနှင့်ပတ်သက်၍ ဘဏ္ဍာရေးရှင်းတမ်းထုတ်ရန် စီစဉ်နေကြောင်း ယင်းကော်မတီထံမှ သိရသည်။
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမဲ့အဆောက်အအုံ ဆောက်လုပ်သူများထံမှ ဒဏ်ငွေ ကျပ်သိန်း သုံးသောင်းခွဲခန့်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှ စွန့်ပစ်မိလ္လာများကို သန့်စင်ပေးနေသည့် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံကို ယခုနှစ်အတွင်း နည်းပညာအဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။