News

POST TAGGED AS

စည်ပင်သာယာရေး

ထားဝယ်မြို့အတွင်း သဲကျောက်တင်ကား၊ မြေကားနှင့် အမှိုက်ကားများ လမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံးငွေ ကျပ်ငါးသောင်း ဒဏ်ရိုက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ဆတိုး ဒဏ်ရိုက်တော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးအမှုကို မန္တလေးတိုင်း တရားလွှတ်တော်၌ ဇူလိုင်လ ၁၀ ရက်နေ့ကစစ်ဆေးခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည့် လုပ်ငန်းရှင်နှစ်ဦးကို မမှန်သက်သေခံမှုဖြင့် အရေးယူပေးရန် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများကို တိုင်းနှင့်ပြည်နယ်အဆင့်ရှိ စည်ပင်အရာရှိများ လာရောက်လေ့လာမည်ဖြစ်ကြောင်း ယင်းလေ့လာရေးခရီးစဉ်ကို စီစဉ်သည့် အာရှဖောင်ဒေးရှင်းထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အတည်ပြုပြီးပြီဖြစ်သောကြောင့် စည်ပင်ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေကွက်လပ်များတွင် အဆောက်အအုံဆောက်လုပ်ခြင်း၊ ခြံဝင်းကာရံခြင်းများ ပြုလုပ်ကြရန် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ဇူလိုင်လ ၆ ရက်နေ့တွင် တတိယအကြိမ် ထပ်မံသတိပေးထုတ်ပြန်လိုက်သည်။
မန္တလေးမြို့တော်နှင့် ပတ်သက်သည့်အချက်အလက်များ မှန်ကန်စွာ ရရှိစေရေးအတွက် မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံချက်ချကာ စာရင်းကောက်မည်ဖြစ်ကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာကာလဖြစ်သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြို့တော်စည်ပင်မှ အရာထမ်း၊ အမှုထမ်းရှစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ၂၀၁၈ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်ဖြစ်သူ ဦးသန်းက ပြောကြားသည်။
ဇွန်လ ၂၅ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း အတည်ပြုဆွေးနွေးရာ၌ ရန်ကုန်မြို့ တော်တွင် ဒုတိယမြို့တော်ဝန်တစ်ဦး ခန့်အပ်သွားရန် ပြဋ္ဌာန်းချက်ကို အတည်ပြုခဲ့သည်။