News

POST TAGGED AS

စည်ပင်သာယာရေး

လာမည့်ဘဏ္ဍာနှစ်တွင် ရေဝေပိုက်လိုင်းများ တိုးချဲ့မည်
မန္တလေး၊ ဇွန် ၁၈

မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအနေနှင့် မြို့တွင်းရေပေး ဝေရန် ရေပိုက်လိုင်းအသစ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုးချဲ့ပေးမည်ဖြစ်ကြောင်း ယင်းကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ ဌာနခွဲမှူး ဦးခင်မောင်သင်းက ပြောကြားသည်။

ရေထုတ်လုပ်နိုင်သည့်ပမာဏနှင့် ရေသုံးစွဲသည့်ပမာဏအပေါ်မူတည်ကာ မန္တလေးမြို့၏ အနောက်ဘက်ခြမ်းကို မြို့တော်စည်ပင်က လုပ်ဆောင်ပေးမည်ဖြစ်ပြီး မြို့၏အရှေ့ဘက်ခြမ်း၊ ၆၂ လမ်း အရှေ့ဘက်ခြမ်း၊ ၁၉ လမ်းမှ ချမ်းမြသာစည်မြို့နယ်ရှိ သံလမ်းအထိကို ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ၏ ချေးငွေအကူအညီဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မီနီဘတ်ဂျက် (ခြောက်လဘတ်ဂျက်) မှာ ရေပိုက်လိုင်းတွေ တိုးချဲ့ချထား ဖို့အစီအစဉ်မရှိဘဲနဲ့ ပြည်သူလိုအပ်တာတွေကို လုပ်ပေးဖို့လည်း စီစဉ်ထားတာရှိတယ်” ဟု ဌာနခွဲမှူး ဦးခင်မောင်သင်းက ထပ်မံပြောဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ရေပေးဝေရေးစနစ်လုပ် ဆောင်ခဲ့သည်မှာ နှစ် ၃၀ ခန့် ကြာမြင့်နေပြီဖြစ်ရာ ပေးဝေနေသည့်ရေများအနက် မြေအောက်ရေ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ရေစတင်ပေးဝေခဲ့ချိန်မှစတင်ကာ ယခုအချိန်ထိ ရေပိုက်လိုင်းကွန်ရက်တွေကို စစ်ဆေးပြုပြင်မှု မပြုလုပ်နိုင်ခဲ့ကြောင်း၊ ရေသန့်စင်စေရန်အတွက် ပိုက်လိုင်းများကို ဆေးကြောရန် စီစဉ်နေကြောင်း၊ ရေအရင်းအမြစ်ကသန့်စင်သော်လည်း တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပိုက်များပေါက်ကာ ရေထဲတွင် အမှုန်အမွှားပါဝင်နေခြင်းများရှိနေကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စစ်ဆေးရေးဌာန၊ ဌာနမှူး ဦးထွန်းဝင်းက ပြောကြားသည်။

M-07



FOLLOW US