News

POST TAGGED AS

စည်ပင်သာယာရေး

အရည်အသွေးစစ်ဆေးရေးအဖွဲ့ ကုမ္ပဏီပိုင်ယာဉ်များကို အသုံးမပြုရန် လွှတ်တော်တင်
ကလေး၊ ဇန်နဝါရီ ၂၇

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများပိုင် မော်တော်ယာဉ်များကို အရည်အသွေး စစ်ဆေးသည့်အဖွဲ့အနေနှင့် အသုံးမပြုရေးအတွက် ချင်းပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း မင်းတပ်မြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောကြားသည်။

ယင်းအဆိုကို ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အဆိုကို ထောက်ခံဆွေးနွေးမည့်သူများ ရှိသည့်အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ 

သက်ဆိုင်ရာ ကုမ္ပဏီအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် ဒေသတွင်း တင်ဒါလုပ်ငန်းများကို စစ်ဆေးရာတွင် စစ်ဆေးသည့်ဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များတွင် ဌာနပိုင်ကားမရှိသည့်အတွက် လုပ်ငန်းခွင်တစ်ခုခုသို့ သွားရောက်စစ်ဆေးရာတွင် ကုမ္ပဏီများ၏ကားများဖြင့် သွားရောက်ရခြင်းရှိနေသည့်အတွက် စစ်ဆေးသည့်အဖွဲ့အနေနှင့် တိတိကျကျ ဆောင်ရွက်သည့်အခါတွင် အားနာမှုများ ပါသွားနိုင်သည့်အတွက် စံချိန်စံညွန်းနှင့်ကိုက်ညီသည့် ဆောင်ရွက်ချက် အပြည့်အဝ မရနိုင်ခြင်းကြောင့် ယင်းအဆိုတင်ရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက ပြောဆိုသည်။ 

ဒေသအတွင်း အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အရည်အသွေး မပြည့်မီခြင်းကြောင့် ဒေသခံများအတွက်သာမက နိုင်ငံတော်အနေနှင့်လည်း များစွာဆုံးရှုံးနစ်နာရ ကြောင်း၊ ယင်းကြောင့် အဆိုအပေါ်ထောက်ခံကြောင်း မင်းတပ်မြို့ ချိုလူမျိုးစုအသင်းမှ လူငယ်ကဏ္ဍဥက္ကဋ္ဌ ဆလိုင်းကီးရှိန်းက ပြောကြားသည်။

R-20



FOLLOW US