News

POST TAGGED AS

စည်ပင်သာယာရေး

ဘာသာပေါင်းစုံနှင့် စည်ပင်အဖွဲ့တို့ သင်္ဂြိုလ်ခြင်းဆိုင်ရာ ထပ်ဆင့်ဆွေးနွေးမှု အဆင်ပြေ


ဗန်းမော်၊ ဇန်နဝါရီ ၁၉

ဗန်းမော်မြို့နယ် စည်ပင်သာယာအဖွဲ့ရုံးတွင် ယခုလ ဇန်နဝါရီ ၁၈ ရက်နေ့က ကြက်ပေါင်ခြံသုသာန် သင်္ဂြိုလ်ခြင်းနှင့်ပတ်သက်ပြီး ဘာသာပေါင်းစုံ သင်္ချိုင်းမြေ ကြီးကြပ်မှုကော်မတီအဖွဲ့က နားလည်မှုလွဲမှားခြင်းကို စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိမှ ထပ်မံတွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးမှုအောင်မြင်ခဲ့ကြောင်း အဆိုပါစည်ပင်သာယာအဖွဲ့ထံမှ သိသည်။

၂၀၁၇ - ၂၀၁၈ ကချင်ပြည်နယ် ဒေသန္တရဥပဒေအရ ပြဌာန်းလိုက်သည့် သင်္ချိုင်းမြေအသုံးချခြင်းဆိုင်ရာအရ ပြင်ဆင်လိုက်သည့်နှုန်းထားမှာ မြေမြှုပ်သင်္ဂြိုလ် တစ်သိန်း၊ အုတ်ဂူလုပ် သုံးသိန်း၊ မီးသင်္ဂြိုလ် တစ်သောင်း၊ပြာယူပြီး ဂူသွင်းပါက သုံးသောင်း စသဖြင့်သတ်မှတ်ချက်များကြောင့် မပေးမနေရဆိုသည့် အသိဝင်သွားကာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ဘာသာပေါင်းစုံမှ ကန့်ကွက်စာတင်မည် အသနားခံစာတင်မည်ဟု ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါသတ်မှတ်လိုက်သည့် နှုန်းထားမှာ ကချင်ပြည်နယ်တစ်ခုလုံးအတွက် သတ်မှတ်ခြင်းဖြစ်သော်လည်း ပြည်နယ်အတွင်းရှိ မြို့အသီးသီးတွင် စည်ပင်သာယာမှ မဖြစ်မနေပေးသွင်းရမည်၊ ပေးသွင်းနေပါသည်ဆိုခြင်းလည်း မရှိပါ၊ ယခုသတ်မှတ်နှုန်းထားကို ချပြခြင်းသာဖြစ်ပြီး သင်္ချိုင်းမြေရှားပါးလာမှုကို ကာကွယ်လို၍ ဘာသာပေါင်းစုံကို ခေါ်ယူဆွေးနွေးရခြင်းသာဖြစ်ကြောင်း စည်ပင်သာယာအမှုဆောင်အရာရှိ ဦးလှမိုးက ရှင်းလင်းပြောဆိုခဲ့သည်။

ယခုကဲ့သို့ ထပ်မံတွေ့ဆုံပြီး သဘောထားအမှန်ကို သိလိုက်ရသည့်အတွက် ဘာသာပေါင်းစုံ သင်္ချိုင်းမြေကြီးကြပ်မှု ကော်မတီအနေနှင့်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ သင်္ချိုင်းမြေရှားပါးလာမှုကို ထိန်းချုပ်နိုင်ရန် ဘာသာအသီးသီးကစည်းကမ်းတကျ ဆောင်ရွက်နိုင်လာရန်လိုအပ်ကြောင်း၊ ဘာသာခြားများတွင် အထူးသဖြင့် အစ္စလာမ်ဘာသာ၌ မီးသင်္ဂြိုလ်ခြင်း မရှိသည့်အတွက် မြေမြှုပ်သင်္ဂြိုလ်ခ ကျပ်တစ်သိန်းဆိုသည်ကို ထိပ်လန့်တုန်လှုပ်ခဲ့သဖြင့် ပြောရခြင်းဖြစ်ပါသည်ဟု ဘာသာပေါင်းစုံ ဘာသာဝင်ကူးပြောင်းခြင်း နာယကအဖွဲ့ဝင် ဦးလေးလွင်က ပြောသည်။

၂၀၁၇ ခုနှစ်ဧပြီလ ၁ ရက်နေ့မှစပြီး အဆိုပါနှုန်းထား သတ်မှတ်ချက်ကို ကချင်ပြည်နယ်အတွင်းရှိ မြို့စည်ပင်သာယာအဖွဲ့ ၁၈ ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာကော်မတီ ၁၁ ဖွဲ့သို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ဗန်းမော်မြို့တွင် ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသင်္ချိုင်းမြေအသုံးချမှု၏ ဝင်ငွေမှာ အုတ်ဂူ (မြန်မာ) ၁ လုံး ၃၀၀၀၀၊မှတ်ပုံတင်ခတစ်ဦး ၅၀၀ နှုန်းနှင့် ၃၀၄ ဦး ၁၅၂၀၀၀ အရိုးပြာဂူသွင်း ၁၀၀၀၀ ကျပ်နှုန်းနှင့် ၁၂၂ ဦး ၁၂၂၀၀၀၀၊စုစုပေါင်း ၁၇၇၂၀၀၀ ကျပ်သာ ရရှိခဲ့ကြောင်း စည်ပင်သာယာအဖွဲ့ရုံး စာရင်းမှတ်တမ်းများအရ သိရသည်။

R-14



FOLLOW US