News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အလုံဈေးသစ် တည်ဆောက်မှုနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီနှင့် ဈေးသူဈေးသားများ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ မူကြမ်းကို ရေးဆွဲလျက်ရှိရာ ယခုနှစ် နိုဝင်ဘာလတွင် ရေးဆွဲမှု ပြီးစီးမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဇူလိုင်လ ၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည့် နောက်ဖေးလမ်းကြား ပန်းဥယျာဉ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က တရားစွဲထားကြောင်း ပန်းပဲတန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးလင်းဇော်ကိုက The Voice သို့ ပြောကြားသည်။
လက်ရှိ အစိုးရ လက်ထက်တွင် စည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပမှု အားနည်းသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ တင်သွင်းခဲ့သည့် ဖုန်စုပ်စက်ယာဉ်များနှင့် ပတ်သက်၍ အွန်လိုင်းစာမျက်နှာ Facebook ပေါ်တွင် ရေးသားတင်ပြခဲ့သည့် Phone Kyaw (Thant Zin Htay) အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် လှိုင်သာယာ မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ကုမ္ပဏီက အမှုဖွင့်တိုင်ကြားထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
သန့်ရှင်းရေးယာဉ်များ ဈေးကြီးမြင့်နေမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေမှုကြောင့် မှန်ကန်ခြင်း ရှိ၊ မရှိ ကုမ္ပဏီဘက်ကို ဖြေရှင်းခိုင်းထားပြီး စည်ပင်သာယာကော်မတီကလည်း ပြန်လည်စိစစ်လျက်ရှိရာ ကုမ္ပဏီဘက်က မှန်ကန်မှု မရှိပါက ယင်းကုမ္ပဏီကို အမည်ပျက်စာရင်း ထည့်သွင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
“စည်ပင်က ကောင်က ကိုယ်ထိလက်ရောက်လုပ်ရင် စည်ပင်ကကောင်ကို တရားစွဲ၊ ဈေးသည်က လုပ်ရင် ဈေးသည်ကို တရားစွဲ ဒါပဲ”
“စည်ပင်ပိုင်တဲ့ လမ်းနယ်ပေါ်မှာ ဈေးရောင်းခွင့်၊ ဆိုင်ခန်းဖွင့်ခွင့် မရှိပါဘူး”