News

POST TAGGED AS

စစ်ဘေးရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စခန်းလေးခုနှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ စခန်းတစ်ခုတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁၂၀၀ ခန့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေသေးကြောင်း ကျောက်မဲမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေထိုင်ရာ စစ်ရှောင်စခန်းများတွင် သုံး​ရေအတွက်​ ​ရေသိုလှောင်​ရန် ကန်မရှိသည့်အတွက် အခက်အခဲရှိကြောင်း ယင်းစခန်း​နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်​။
ဘဝအတွက် မရေရာမှုများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေသည့်အတွက် ခရစ္စမတ်သည် အများသူငါနည်းတူ ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းလာမည်ဟု စစ်ရှောင်များက ဘုရားသခင်ထံ ဆုတောင်းရင်း မျှော်လင့်နေကြသည်
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး စစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြသော ကလေးငယ်များအတွက် အနွေးထည်နှင့် အဝတ်အထည်များ လုံလောက်မှု မရှိကြောင်း ယင်းစခန်း နေထိုင်သူများထံမှ သိရသည်။
10-Dec-2017 tagged as စစ်ဘေးရှောင်
ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များ ပြန်လည်နေထိုင်နိုင်မည့် ကျေးရွာစာရင်းများကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကောက်ခံလျက်ရှိရာ ပြန်လည်နေထိုင်နိုင်သည့် ကျေးရွာ ၃၀ ကျော် စာရင်းရရှိထားကြောင်း KBC အတွင်းရေးမှူး ဒေါက်တာ ခလမ်းဆန်ဆွမ်က ပြောကြားသည်။
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO)တို့၏ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တနိုင်းမြို့တွင် လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် ၉၀ဝ ကျော်မှာ ရိက္ခာအပြင် အဝတ်အထည်နှင့် စောင်များလည်း လိုအပ်လျက်ရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခါးလီက ပြောကြားသည်။
10-Sep-2017 tagged as စစ်ဘေးရှောင်
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာတာမို့ ဒေသခံ အရပ်သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရောက်ခဲ့ကြတာဟာ ကာလ အတန်ကြာခဲ့ပါပြီ။ လူဦးရေ ၉၀ဝ ကျော် ခိုလှုံနေရသော တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်းတွေမှာနေထိုင်ရင်း ယာယီ စွန့်ခွာလာခဲ့ရတဲ့အိမ်ကို ပြန်ဖို့ တမ်းတနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ မြင်ကွင်းပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
09-Sep-2017 tagged as စစ်ဘေးရှောင်
တနိုင်းရှိ စစ်ဘေးရှောင်စခန်းများ နေရပ်ပြန်နိုင်ရေးအတွက် ဘာသာရေး ခေါင်းဆောင်များနှင့် တပ်မတော်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများအပြီး ၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
24-Aug-2017 tagged as စစ်ဘေးရှောင်
မြန်မာပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်မှ တိမ်းရှောင်လာကြသူများ ကျန်းမာရေး ထိခိုက်လာကြခြင်းမှာ အာဟာရချို့တဲ့မှု၏ နောက်ဆက်တွဲ အခြေအနေဖြစ်သည်ဟု စခန်းတွင် နေထိုင်သူတို့က ယူဆနေကြသည်။ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျက်ရှိရာ နို့တိုက်မိခင်တို့သည် အထူး ဂရုစိုက်ပြီး စောင့်ရှောက်မှု လိုအပ်လာသူများ ဖြစ်လာသည်။