News

POST TAGGED AS

စစ်ဘေးရှောင်

29-Apr-2018 tagged as စစ်ဘေးရှောင်
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာအနီးရှိ ကေအိုင်အေတပ်ရင်း ၁၁ ဘက်တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ကဆုန့်ဒေသခံများ ဒုတိယအကြိမ် စစ်ဘေးရှောင်အဖြစ် ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က နမ္မတီး မြို့ရှိ ခရစ်ယာန်ဘာသာရေးကျောင်းနှစ်ခု တွင် ခိုလှုံနေကြောင်း ယင်းကူညီရေး ဆောင်ရွက်သူများထံမှ သိရသည်။
21-Apr-2018 tagged as စစ်ဘေးရှောင်
ကချင်ပြည်နယ်တနိုင်းဒေသရှိ အောင်လော့ဒ်ကျေးရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့်ဒေသခံရွာသား နှစ်ထောင်ကျော်ကို မူလနေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရနှင့် တပ်မတော်တို့ ဆောင်ရွက်နေသော်လည်း လုံခြုံရေး စိုးရိမ်၍ ဒေသခံများ မူလနေရပ်သို့ မပြန်ကြသေးကြောင်း အဆိုပါဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် လူမှုအဖွဲ့များထံ မှစုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး ဘုရားကျောင်းများတွင် စစ်ဘေးရှောင်များ နေထိုင်ရန်စီစဉ်ထားသည့် ယာယီမိုးကာတဲများမှာ အခင်းအကာများပျက်စီးနေသဖြင့် နေရာထိုင်ခင်း အဆင်ပြေမှုမရှိဘဲ နေရာအခက်အခဲဖြစ်နေကြောင်း ယင်းစခန်းနေသူများထံမှ စုံစမ်းသိရှိရသည်။
24-Mar-2018 tagged as စစ်ဘေးရှောင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ နေရာလေးခုနှင့် နမ္မတူမြို့နယ်ရှိ အီနိုင်းဘုန်းတော်ကြီးကျောင်းတို့တွင် နမ္မတူမြို့နယ်၊ နားဆိုင်းဒေသမှ တိုက်ပွဲရှောင်လာသူ စုစုပေါင်း ၅၇၇ ဦးခိုလှုံလျက် ရှိနေပြီး ယနေ့ထက်တိုင် နေရပ်မပြန်နိုင်သေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်သူဒေသခံ ၅၀၀ ခန့်မှာ လားရှိုးမြို့ပေါ်ရှိနေရာလေးခုသို့ ရောက်ရှိခိုလှုံလျက်ရှိကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။
ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူ အမျိုးသားနှစ်ဦးမှာ တစ်လကျော်ကြာပျောက်ဆုံးနေပြီး မတ်လ ၉ ရက်က ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကချင်ပြည်နယ်ရှိ သဘာဝဘေးနှင့် စစ်ဘေးရှောင်သူများအတွက် ဆန်တန်ချိန် ၃၁၁ ဒသမ ၄၇၇ တန်ကို အာဆီယံ+၃ အရန်ဆန်ရိက္ခာအစီအစဉ် ၃ အရ ဂျပန်နိုင်ငံအစိုးရက ထောက်ပံ့ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့(TNLA)တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် သိန္နီမြို့ပေါ်ရှိ ကောင်းအိုင်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၄၈ ခုမှ စုစုပေါင်းလူဦး ရေ ၁၇၀ ခန့် ရောက်ရှိနေကြောင်း သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်သို့ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်လျက်ရှိကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်းက ပြောကြားသည်။