News

POST TAGGED AS

စစ်ဘေးရှောင်

ပလက်ဝ စစ်ရှောင် ကျောင်းနေကလေးများအတွက် အကူအညီလိုအပ်


ကလေး၊ ဇွန် ၅ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လာကြသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၀၀ ကျော်အတွက် စာရေးကိရိယာပစ္စည်းများ အကူအညီ လိုအပ်လျက်ရှိကြောင်း ပလက်ဝမြို့နယ်၊ လူမှုကူညီရေး ပရဟိတအဖွဲ့မှအတွင်းရေး မှူး ဦးကျော်အောင်က ပြောကြားသည်။ 

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား ပလက်ဝမြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်းပြင်ကျေးရွာမှ အိမ်ခြေ ၆၇ လုံး၊ လူဦးရေ ၃၃၄ ဦးတို့သည် ရှင်းလက်ဝကျေးရွာတွင်လည်းကောင်း၊ ပီတောင်းကျေးရွာမှ အိမ်ခြေ ၁၅ လုံး၊ လူဦးရေ ၇၀ ဦးတို့သည် မီးဇာကျေးရွာတွင်လည်းကောင်း၊ ကူချောင်းဖျားကျေးရွာမှ အိမ်ခြေ ၁၆ လုံး၊ လူဦးရေ ၇၁ ဦးတို့ သည် ဇဉ်ဘောင်းပြင်ကျေးရွာတွင်လည်းကောင်း အသီးသီးလွန်ခဲ့သည့် ခြောက်လအတွင်းမှ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ 

အဆိုပါ ပြောင်းရွှေ့နေထိုင်သူများအနက် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သဖြင့် ယခုနှစ်ကျောင်းဖွင့်ချိန်တွင် ၎င်းတို့ ခေတ္တပြောင်းရွှေ့နေထိုင်သည့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားရာ၌ အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိနေခြင်းဖြစ်ကြောင်း ဦးကျော်အောင်က ပြောကြားသည်။

“စာရေးကိရိယာလည်း လိုအပ်သလို အလယ်တန်းတို့ အထက်တန်းတို့ဆိုရင်တော့ သူတို့အတွက် ကုန်ကျမယ့် ငွေကြေးလည်းရှိတဲ့အခါမှာ မိဘတွေကလည်း ဝင်ငွေက မရှိဆိုတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အဝတ်အစားကအစ စာရေးကိရိယာအထိ လိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။ 

ကုန်းပြင်ကျေးရွာအနီး နေထိုင်သည့် မူလတန်းကျောင်းသား ၆၁ ဦး၊ အလယ်တန်းကျောင်းသား၂၉ ဦးနှင့် အထက်တန်း ကျောင်းသား ၇ ဦး ၊ ပီတောင်ကျေးရွာအနီး နေထိုင်သည့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးနှင့် ဇဉ်ဘောင်ပြင်ကျေးရွာအနီး နေထိုင်သည့် ကျောင်းသားကျောင်းသူ ၂၀ ဦးတို့အတွက် အကူအညီများ လိုအပ်နေခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ 

R-20

 



FOLLOW US