News

POST TAGGED AS

စစ်ဘေးရှောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းရှိ ခရစ်ယာန်ဘာသာကျောင်းလေးကျောင်း၌ ခိုလှုံနေထိုင်ကြသော စစ်ရှောင်များအတွက် ပြည်ထောင်စုအစိုးရက တရားဝင် စစ်ရှောင်စခန်းများကို အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်ပေးရန် တနိုင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များက မေလ ၂၂ ရက်နေ့စွဲဖြင့် စာတင်တောင်းဆိုထားကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း လတ်တလော တိမ်းရှောင်မိသားစုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ပြည်နယ်အစိုးရက မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပြည်နယ်အစိုးရရုံးရှိ မလိခခန်းမ၌ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် ချီဖွေမြို့အတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း အဆိုပါ စစ်ဘေးရှောင်ကူညီပေးရေး အဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသအတွင်း တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တောထဲ၌ တစ်လကြာနီးပါး ပိတ်မိခဲ့သည့် စစ်ရှောင်ဒုက္ခသည် အချို့သည် ကျန်းမာရေးဆိုးရွားမှုကြောင့် တနိုင်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ယင်းစစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသည့် ပြည်သူအရေအတွက် ၆၈၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့သည်။
ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လိုင်နှောင်ခူးဒေသအတွင်း ပိတ်မိနေသော စစ်ရှောင်ဒေသခံ တစ်ရာကျော်ကို သွားရောက်တွေ့ဆုံရန် သပိတ်စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက်ရန် ကချင်လူငယ်ထုက စီစဉ်ခဲ့သော်လည်း အစိုးရကကယ်ထုတ်နေသည်ဟု ကြားသိရသည့်အတွက် ယင်းချီတက်မှုကို ခေတ္တရပ်နားထားကြောင်း ယင်းသပိတ်စခန်း ဦးဆောင်ကော်မတီထံမှ သိရသည်။
ကချင်ပြည်နယ် တနိုင်းဒေသ အောင်လော့ကျေးရွာရှိ စစ်ရှောင်ဒေသခံများထံ အကူအညီပေးရန် သွားရောက်ခဲ့သည့် တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများပါဝင်သည့် ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝန်ထမ်းအချို့ ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
ကချင်ပြည်နယ် ကာမိုင်းနှင့် အင်ဂျန်းယန်ဒေသများရှိ ပိတ်မိနေသော စစ်ဘေးရှောင်များကို ကယ်ထုတ်ရန် တပ်မတော်၏ သဘောတူညီချက်ဖြင့် စီစဉ်နေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နမ္မတီးမြို့၊ လမ်းခွ ကျေးရွာအတွင်းရှိ ဘာသာရေးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ကဆုန့် နှင့် ဇွပ်မိုင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒေသခံများတွင် နှာစေး၊ ချောင်းဆိုးရောဂါများဖြစ်နေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြားပိတ်မိနေသော ဒေသခံပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်လူငယ် ၃၀၀ ခန့်က မေလ ၃ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့တွင် ကာလရှည် သပိတ်စခန်း ဖွင့်မည်ဖြစ်ကြောင်း ကချင်လူငယ် သပိတ်စခန်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။