News

POST TAGGED AS

စစ်ဘေးသင့်

သူ့မိခင်နှင့် မောင်နှမများ၏ မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်များက အကာအကွယ်ဖြစ်သွားသောကြောင့် အသက် ၁၀ နှစ်သား ဖန်သမ်ကောင်မှာ အသက်ဘေးမှ လွတ်သွားခဲ့သည်။ သူတို့မိသားစုမှာ သူတစ်ဦးတည်းသာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် တနိုင်းဒေသရှိ ဇီးဖြူကုန်း ပယင်းမှော်နှင့် ယင်းမှော်အနီးတစ်ဝိုက်တွင် တပ်မတော်နှင့်ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေသော ဒေသခံမှော်လုပ်သား ၃၄၀၀ ဦးအနက် လူဦးရေအများစု လွတ်မြောက်လာပြီး အနည်းငယ်သာ ကျန်ရှိနေသေးကြောင်း ယင်းပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများကို ကယ်ဆယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ဒေသခံ သုံးထောင်ခန့်က မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။