News

POST TAGGED AS

စစ်တွေ

10-Jan-2018 tagged as မြေ စစ်တွေ
ရခိုင်ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်း ထည့်သွင်းထားသော စစ်တွေမြို့သစ်စီမံကိန်းမှ မြေကွက်များ ဇန်နဝါရီလဆန်း နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် ရောင်းချရကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးမှာ တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်နယ်လွှတ်တော်တွင် ဆုံးဖြတ်မှု အစီရင်ခံစာကို ဇန်နဝါရီလ ၅ ရက်က နိုင်ငံတော်သမ္မတထံ ပေးပို့လိုက်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ထားသည့် သက္ကယ်ပြင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း၌ ရသေ့တောင်မြို့နယ်တွင် မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်း ၁၀ ကျောင်းမှာ ဇန်နဝါရီလ ၃ ရက်အထိ ပြန်မဖွင့်နိုင်သေးကြောင်း ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၏ လုပ်ဆောင်ချက်များအပေါ် ထောက်ခံကြောင်းကို တောင်ကုတ်မြို့နယ်တွင် ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းက ဒေသခံ ရာနှင့်ချီထောက်ခံကြောင်း ဦးဆောင်သူ ဦးစိုးသီဟထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ရပ်ကွက် တံတားဦးတွင် နေထိုင်သော နေရပ်စွန့်ခွာ မြိုတိုင်းရင်းသား ၅၀၀ ကျော် စားသုံးရန်အတွက် ဆန်ပြတ်လပ်နေကြောင်း ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။
29-Dec-2017 tagged as စစ်တွေ
ရခိုင်ပြည်နယ်မှ ငါး၊ ပုစွန်များကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမှာ ဒီဇင်ဘာလမှစတင်ကာ ပြန်လည် လည်ပတ်လာကြောင်း ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုမရှိသော ပညာရေးဝန်ထမ်း ၅ ဦးထုတ်ပယ်ပြီး ၃ ဦးကို ပြင်းထန်စွာ သတိပေးထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက The Voice သို့ ပြောသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းကာ စစ်တွေကမ်းရိုးတန်းတွင် မြေဧက ၉၀ ရှိမည့် မြို့သစ်စီမံကိန်း ဖော်ဆောင်လျက်ရှိရာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခွင့် မရရှိသော်လည်း လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။