News

POST TAGGED AS

စစ်တွေ

မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တိုင်းရင်းသားများကို ကူညီထောက်ပံ့ရန် လှူဒါန်းထားမှုများအနေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ကျပ်သိန်း ၂၄၈၆၈ ကျော် ကျန်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့လူစုခွဲမှုအပေါ် ရှုတ်ချကြောင်း ဆန္ဒပြခဲ့သော လူငယ်ငါးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်က ပြောသည်။
ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖမ်းဆီး ချုပ်နှောင်ခံရသူများ၊ အရေးယူခံရမည့်သူများကို ဥပဒေပိုင်းဆိုင်ရာမှ အထောက်အကူပြုနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဒုက္ခသည်များကို ပြန်လည်လက်ခံမည့် မောင်တောမြို့နယ် ငါးခူရစခန်းနှင့် တောင်ပြို (လက်ဝဲ) စခန်းနှစ်ခုကို ဇန်နဝါရီ ၂၃ ရက် နံနက်က စတင်ဖွင့်လှစ်ရာ ညနေ ၄ နာရီအထိ ပြန်လာသူမရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းကပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဝင်္ကဘာကွင်းတွင် ဇန်နဝါရီလ ၂၇ ရက်မှ ၃၁ ရက် (တပို့တွဲလပြည့်နေ့) အထိ ကျင်းပရန် စီစဉ်ထားသော ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကျင်းပရေးကော်မတီ၊ ရထားပူဇော်ပသရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇံမောင်က ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြောက်ဦး ဖြစ်စဉ်ကြောင့် လူထုဆူပူအုံကြွကာ တည်ငြိမ်အေးချမ်းရေး အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးကဆိုသည်။
မောင်တောခရိုင်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန် ရခိုင် အမျိုးသားပါတီ (ANP) က ဇန်နဝါရီ ၁၅ ရက်က သဘောထားချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ရခိုင်တိုင်းရင်းသား စာရေးဆရာ အသက် ၃၄ နှစ် ဝေဟင်အောင်ကို ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) ညနေ ၆နာရီခန့်က စစ်တွေမြို့၊ ကျေးပင်ကြီး ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စစ်တွေမြို့မ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းထံမှ သိရသည်။
15-Jan-2018 tagged as စစ်တွေ
တစ်ချိန်က ဒီမိုကရေစီ အိုင်ကွန်တစ်ဦးအဖြစ် သူတို့ ပုံဖော်ပေးခဲ့ကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ယခု ဗီလိန်တစ်ဦးအဖြစ် ရေးသားလာကြသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် သိမ်းဆည်းခံထားရသည့် မြေများကို သိမ်းဆည်းခဲ့သူများက ပြန်လည် စွန့်လွှတ်ခဲ့သော်လည်း မြေယာကော်မတီက လုပ်ဆောင်ပေးခြင်းမရှိသဖြင့် တောင်သူအများစု မြေယာများ ပြန်မရသေးကြောင်း တောင်သူများထံမှ သိရသည်။