News

POST TAGGED AS

စစ်တွေ

စစ်တွေမြို့တွင် ချိန်ကိုက်မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နေ့လယ်ပိုင်းအချိန်က ဒေသခံသုံးဦးအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း မိသားစုဝင်းများထံမှ သိရသည်။
စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ရှိ ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏အိမ်နှင့် ပြည်နယ် တရား လွှတ်တော်ရုံးရှေ့၊ ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က လက်လုပ်မိုင်း ဆက်တိုက် ပေါက်ကွဲခဲ့သဖြင့် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်ရှိ Gallant Ocean Co.,Ltd. အအေးခန်းတွင် အမျိုးသမီးဝန်ထမ်း ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရမှုကြောင့် ဖြေရှင်းပေးရေးအတွက် အမျိုးသမီးဝန်ထမ်း ၁၀၀ ကျော်က ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးထံ လာရောက်တောင်းဆိုခဲ့သည်။
စစ်တွေမြို့၏ ကုလားတန်မြစ်၌ အစိုးရနှင့် BXT International Co., Ltd. တို့ ပူးပေါင်းကာ မြေဖို့မြေယာဖော်ထုတ်ရေး စီမံကိန်းကြောင့် လက်ခတ်လှေသမားများ ဆိုက်ကပ်နေရာဝေးခြင်းနှင့် ကုန်တင်ကုန်ချခက်ခဲခြင်းတို့ ရင်ဆိုင်နေရကြောင်း လှေသမားများက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့အဝင်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်စပ်မြို့တော် ဆိုသည့်စာသားဖြင့် မုခ်ဦးဆိုင်းဘုတ် တင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
စစ်တွေမြို့ စည်ပင်သာယာပိုင် ခိုင်သဇင်ခန်းမတွင် ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၄ ရက်၌ ကျင်းပမည့် ဘင်္ဂါလီများ နေရာချထားရေးနှင့် မြောက်ဦးဖြစ်စဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို အစိုးရက ကန့်သတ်မှုကြောင့် နေရာပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေး ကော်မတီထံမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ပြန်လည် ဝင်ရောက်လာသူများ နေထိုင်နိုင်ရေးအတွက် မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင် တည်ဆောက်နေသော ယာယီကြားစခန်းမှ တန်းလျားများ မတ်လဒုတိယအပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်တွင် တည်ဆောက်ထားသော တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူရန် လူ ၄၃၀ ကျော် လျှောက်ထားကြောင်း ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ အသစ်တည်ဆောက်မည့် အဆင့်မြင့်ဈေး ၅ ဈေး စီမံကိန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖျက်သိမ်းပြီး ဘတ်ဂျက်ငွေများကို မြို့နယ်များသို့ ခွဲဝေပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယား BXT ကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်သည့် စစ်တွေမြို့သစ်စီမံကိန်းကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှသာ မြေကွက်များ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး လက်ရှိရောင်းချမှုကို လုံးဝရပ်ဆိုင်းရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။