News

POST TAGGED AS

စစ်တွေ

နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် မေလ ၂၈ ရက် နံနက်က စစ်တွေမြို့ ပြည်သူ့ဆေးရုံတွင် ဆေးစစ်မှုခံယူခဲ့သည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်အဖွဲ့ မောင်တောဒေသ၏ မြေပြင်အခြေအနေများကို သွားရောက်လေ့လာရန် မေလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ၌ တရားမဝင်ခိုးဝင်လာကြသော ဘင်္ဂါလီများသည် နေအိမ်များ ဆောက်လုပ်နေထိုင်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် လဝက ဦးစီးမှူးက ဒေသခံတိုင်းရင်းသားများထံမှ လာဘ်တံစိုးလက်ဆောင်များ တောင်းခံသည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက မေလ ၁၄ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည်။
29-Apr-2018 tagged as စစ်တွေ
မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှချောင်းဝ ရဲကင်းစခန်း၌ ဧပြီလ ၂၈ ရက်က သုံးစွဲရန် ရေမရှိ၍ အလှည့်ကျ ရေခပ်မည့်သူကိစ္စနှင့်ပတ်သက်၍ ရဲတပ်သားနှစ်ဦး စကားများခဲ့ပြီးြွ-၁ လက်ပစ် ဗုံးဖြင့်ပစ်ရာမှ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရသည့် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် ပတ်သက်၍ အဆင့်မြင့်ဈေးဆောက်မည့် မြို့နယ် ၅ ခုကို စစ်ဆေးပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောဆိုသည်။
22-Apr-2018 tagged as စစ်တွေ
ဘူးသီးတောင်မြို့နယ် ဒုံးချောင် ဘင်္ဂါလီကျေးရွာတွင် အသက် ၂၀ အရွယ် အကြမ်းဖက်သင်တန်းဆင်း အမျိုးသားတစ်ဦးကို ဧပြီလ ၂၀ ရက်က ဖမ်းမိကြောင်း အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲအုပ်ထွန်းနိုင်က ပြောကြားသည်။
အမေရိကန် သံအမတ်ကြီးစကော့ မာစိရယ်လ်ဦးဆောင်ပြီး ဒီမိုကရက်တစ်လွှတ်တော်အမတ်တို့ ဧပြီလ ၂ ရက် ညနေပိုင်းက စစ်တွေမြို့သို့ ရောက်ရှိစဉ် ရခိုင်အမျိုးသားပါတီ (ANP) မှ ခေါင်းဆောင်များနှင့် တွေ့ရှိပြီး ပါတီ၏သဘောထားများကို မေးမြန်းခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။
စစ်တွေမြို့ ပေါက်ကွဲမှုကြောင့် သံသယရှိ၍ ဖမ်းဆီးခံထားရသူ ၉ ဦးအနက် ရခိုင်အမျိုးသားကောင်စီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးနိုင်စိုးအပါအဝင် ၅ ဦးကို မတ်လ ၂၆ ရက် ည ၈ နာရီက အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းတွင် မတ်လ ၂၄ ရက် ညနေက ဘိလပ်မြေတင်ဆောင်လာသော ကားပေါ်မှ ကျပ်သိန်း ၁၉,၀၀၀ ကျော်ဖိုးရှိသော စိတ်ကြွဆေးပြား ၆ သိန်းကျော်ကို ဖမ်းမိခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်က ပြောသည်။