News

POST TAGGED AS

စစ်တွေ

27-Nov-2017

မသန်စွမ်း
မသန်စွမ်း ကလေးငယ်များ၏ စွမ်းရည်ပြိုင်ပွဲကို Junction Square နှင့် Junction Centre တွင် ပြုလုပ်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၆

မသန်စွမ်း ကလေးငယ်များနှင့် အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့နေသော ကလေးငယ်များ၏ စွမ်းဆောင်ရည်ကို ဖော်ထုတ်မြှင့်တင်ပေးရန် ရည်ရွယ်၍ မသန်စွမ်းကလေးငယ်များ၏ လက်မှုပစ္စည်း အရောင်းပြပွဲနှင့် အနုပညာ စွမ်းရည်ပြိုင်ပွဲများကို Junction Square နှင့် Junction Centre တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (နိုဝင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့ ကာလအတွင်း)  ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“မသန်စွမ်း ကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုပေးတဲ့အနေနဲ့ ၁၈ နှစ်မြောက်မှာ ကျင်းပပေးဖြစ်တာ၊ နှစ်စဉ် နှစ်တိုင်းလည်း ပိုမို ထူးခြားကောင်းမွန်တဲ့ အစီအစဉ်တွေ ဆောင်ရွက်လျက်ရှိတယ်။ ဒီဂုဏ်ပြုပွဲကရတဲ့ ငွေကြေးကို မသန်စွမ်းသူများ၊ ကူးစက်ရောဂါ ခံစားနေရသူများ၊ မိဘမဲ့ ကလေးများရဲ့ ပညာရေးကို ကူညီထောက်ပံ့ ပေးသွားမယ်၊ အမှန်တကယ် လိုအပ်နေသူတွေအတွက် ကူညီထောက်ပံ့ပေးနိုင်အောင် စီစဉ်ထားပါတယ်”ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းပွဲကို အများပြည်သူများ အနေနှင့် ပူးပေါင်း ပါဝင်နိုင်ရန် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပပေးလျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်နေ့က Junction Centre 8 Mile တွင်လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့က Junction Centre Zawana တွင်လည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့က Junction Centre Mawtin တွင်လည်းကောင်း ကျင်းပပေးခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Junction City၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် Junction Square နှင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် Juncion Centre (နေပြည်တော်) တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ 

ထိုသို့ နေပြည်တော်တွင် ကျင်းပပြုလုပ်ပြီးနောက် ကလေးငယ်များကို စိတ်ချမ်းမြေ့ပျော်ရွှင်စေရန် ရည်ရွယ်၍ ဥပ္ပါတသန္တိစေတီတော်နှင့် ၁၇၃ မိုင်ရှိ ဖိုးကျားဆင်စခန်းများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

J-16



FOLLOW US