News

POST TAGGED AS

စစ်တောင်း

အိမ်သာရွှေ့ရာမှ လူလေးဦး ဓာတ်လိုက်၊ နှစ်ဦးသေဆုံး
တောင်ငူ၊ ဇူလိုင် ၁

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် ကျုံးဟောင်းအနီး ဆန်စက်တစ်ခုမှ အိမ်သာကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရွှေ့ပြောင်းရာမှ အမျိုးသားလေးဦး ၁၁ ကေဗီရှိ ဓာတ်အားလိုင်းကြိုးနှင့်ထိကာ ဓာတ်လိုက်ခဲ့၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူ အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။

သံပိုက်များဖြင့် ဆောက်လုပ်ထားသည့် ဆန်စက်နောက်ရှိ ဟော်လိုအိမ်သာကို တခြားနေရာသို့ ဆန်စက်အလုပ်သမားများဖြစ်သည့် ဦးကျော်သူ (၃၀ နှစ်)၊ ဦးငြိမ်းထိုက် (၃၀ နှစ်)၊ ဦးဂျစ်တူး (၂၈ နှစ်) နှင့် ကိုသက်နိုင် (၂၅ နှစ်) တို့လေးဦးသည် ဖွဲပုံကိုကျော်၍ မရွှေ့စဉ် ဓာတ်ကြိုးဖြင့် ထိခိုက်မိသဖြင့် ဓာတ်လိုက်ကာ ဦးကျော်သူနှင့် ဦးငြိမ်းထိုက်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ကိုဂျစ်တူးနှင့် ကိုသက်နိုင်တို့ကို တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး သေမှုသေခင်းအမှတ် ၆/၁၈ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US