News

POST TAGGED AS

စစ်တောင်း

ဆွာတွင် ဘိုးဘွားရိပ်သာ မီးလောင်၊ သုံးဦးသေဆုံး


တောင်ငူ၊ မတ် ၂၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၌ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောမီးလောင်ရာမှ ထာဝရဘိုးဘွားရိပ်သာ၏ အဆောင်နှစ်ခု မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဘိုးအိုသုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဆွာမြို့နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းမြို့နယ် အနောက်မြောက်ဘက် အဝါရောင်မျိုးဆက်လှိုင်းအဖွဲ့ (YGW) က တည်ထောင်ထားသည့် ထာဝရ သက်ကြီးဘိုးဘွားရိပ်သာ အဆောင်အနီးရှိ ကိုင်းတောမီးလောင်ရာမှ ဘိုးဘွားဆောင်နှင့် အလုပ်သမားအဆောင်နှစ်ခု မီးကူးစပ်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကာ သက်ကြီးဘိုးဘွား ၁၃ ဦးရှိသည့်အနက်၊ ဦးအောင်မြင့် (၅၇ နှစ်)၊ ဦးမောင်ဝင်း (၇၃ နှစ်) နှင့် ဦးပန်းမောင်(၉၀ နှစ်) တို့သုံးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှ သိရသည်။

“အဘိုးအဘွားတွေနေထိုင်တဲ့ အဆောင်တစ်ခုနဲ့ အလုပ်သမားဆောင်တစ်ခုပဲ ပျက်ဆီးဆုံးရှုံးတာပါ။ ငွေကြေးတန်ဖိုး သိပ်မများပေမယ့် အခုပြန်ဆောက်မယ်ဆို ခိုင်မာတဲ့ အဆောက်အအုံတစ်ခု ဖြစ်စေချင်တဲ့အတွက် အခက်အခဲတော့ရှိပါတယ်”ဟု ဘိုးဘွားရိပ်သာ တည်ထောင်ထားသည့် ဆွာ YGW ပရဟိတအဖွဲ့မှ အရှင်ကောဝိဒက မိန့်ကြားသည်၊။

ဒဏ်ရာရရှိသူမှာ စိုးရိမ်ရန်မလိုတော့ဘဲ ဆုံးပါးသွားသည့် အဘိုးသုံးဦးကို မတ်လ ၂၇ ရက်နေ့ နေ့လည် ၁ နာရီက ဆွာသုဿန်၌ သင်္ဂြိုဟ်ခဲ့သည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆွာမြို့ အထပ်သားစက်ရုံအလွန်မှ နှစ်မိုင်ခန့်ဝေးကွာသည့် YGW မိဘမဲ့ ပရဟိတဂေဟာကို လွန်ခဲ့သည့် ၃ နှစ်ကျော်ခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မိဘမဲ့ကလေးများနှင့် တိုင်းရင်းသားကလေးငယ်များသာမက သက်ကြီးဘိုးဘွားရိပ်သာတစ်ခုကိုပါ တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်၊။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ဆွာနယ်မြေရဲစခန်းမှ သေမှုသေခင်း မှတ်စဉ် ၃၂၀၁၈ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-15



FOLLOW US