News

POST TAGGED AS

စစ်ကိုင်း

04-Jan-2018 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ တစ်ကိုယ်လုံးပုံတူရုပ်တု ထုလုပ်ထားရှိမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် အရှင်သူရိယက မိန့်ကြားသည်။
စစ်ကိုင်းမြို့ ကျက်သရေဆောင် ရာဇမဏိစူဠာကောင်းမှုတော်စေတီကို ရွှေသင်္ကန်းသာ ထပ်မံကပ်လှူမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေမှုသည် ကောလာဟလသာဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့က ငြင်းဆိုလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ မင်းရပ်ရှိ အပေါင်ဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရွှေအတု လိမ်လည်ပေါင်နှံခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
15-Dec-2017 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန်ကျေးရွာတွင် ကျောက်မျက်ရှာဖွေရောင်းဝယ်သဖြင့် ကျောက်မျက်ပုဒ်မဖြင့် ဖမ်းဆီးခံထားရသော ၁၁ ဦးအနက် ၇ ဦးကို ခန္တီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း ခန္တီးမြို့မစခန်းမှူး၊ ဒုရဲမှူးလှတင့်က ပြောကြားသည်။
17-Nov-2017 tagged as စစ်ကိုင်း
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းတည်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ အနာဂတ်ကာလတွင် ငလျင်လှုပ်နိုင်ခြေ ရှိ မရှိ သိရှိနိုင်ရန် ယခုရက်ပိုင်းအတွင်း ရွေ့လျားနှုန်းများ တိုင်းတာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဆက်သွယ်ထားသည့် ကလေး- ဖလမ်း- ဟားခါးလမ်း အဆင့်မြှင့်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမှု ရုပ်သိမ်းရန် စီစဉ်နေမှုကို ကန့်ကွက်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအိုးက ပြောကြားသည်။
07-Nov-2017 tagged as စစ်ကိုင်း
စစ်ကိုင်းမြို့ ရွှေမင်းဝံပန်းခြံတွင် LED မီးလုံး သန်း ၇၀ ကျော်ဖြင့် မီးအလှ ပွဲတော်တစ်ခု နိုဝင်ဘာလ တတိယပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း မွန်ဘရားသားကုမ္ပဏီထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာမှ လေယာဉ်ပျံ တည်ဆောက်သူလူငယ်ကို လေကြောင်းဆိုင်ရာ နည်းပညာများကို လေ့လာနိုင်ရန် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားသည့်အတွက် ရန်ကုန်ရုံးချုပ်သို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း မုံရွာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဘုရားပွဲမှ ပြန်လာသည့် ကားဖြင့်တိုက်မိရာမှ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ သိရသည်။
31-Oct-2017 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ နွယ်ငြိမ်းကျေးရွာ စဥ့်လုပ်ငန်းသည် အရောင်းအဝယ် ကျဆင်းလာမှုကြောင့် တစ်ပိုင်တစ်နိုင် စဥ့်လုပ်ငန်းရှင်များ လုပ်ငန်း ဆက်လက် ရပ်တည်ရန် အခက်တွေ့နေရကြောင်း စဥ့်လုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။