News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး နှစ်ခုကြားရှိ တကောင်းနီကယ် စီမံကိန်း စွန့်ပစ်မြေကြောင့် မြေနီဖုံလွှမ်းခံခဲ့ရသော ကျေးရွာ (၄) ရွာမှ ဒေသခံတောင်သူများက လယ်ယာမြေများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် နစ်နာကြေးရရှိရန် ယနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) နံနက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။
ထိုင်းဘုရင့်သမီးတော် သီရိဒုံက ပေးအပ်သည့် ထူးချွန်ဆရာဆုကို စစ်ကိုင်း တိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွာသာကြီး အထက်တန်းကျောင်းမှ အလယ်တန်းဆင့် အင်္ဂလိပ်စာပြဆရာ ဦးသန်းထွန်းက ရရှိပြီး အောက်တိုဘာလ ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ဆုလက်ခံယူမည်ဖြစ်ကြောင်း ယင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြအေးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့အနီး ချင်းတွင်းမြစ်တွင်း၌ ညအိပ်ရပ်နားထားသည့် မော်တော်တစ်စင်း နစ်မြုပ်ခဲ့ကြောင်း ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
ဒေသခံများ၏ အခက်အခဲများကို သိရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ပြည်သူလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
09-Jul-2017 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မြေနီကောအထက် အခြေခံပညာ မူလတန်း စာသင်ကျောင်းမှာ အဆောက်အအုံနှင့် သောက်သုံးရေ အပါအဝင် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ များစွာ လိုအပ်နေကြောင်း အဆိုပါကျောင်းမှ မူလတန်းပြဆရာမ ဒေါ်လှဝင်းက ပြောကြားသည်။
09-Jul-2017 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပျောက်ဆုံးနေသော ၇ တန်း ကျောင်းသူကို နှစ်ရက်အကြာတွင် မြို့ပြင်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ကလေးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
08-Jul-2017 tagged as စစ်ကိုင်း
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် မြို့ ၆ မြို့မှ လူဦးရေ ၂၅၀၀ ကျော် ရေလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ညွန်ကြားရေမှုး ဦးစဝီလီဖရန့်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်ကမ်းပါးတွင် တည်ရှိသည့် ကျေးရွာများအတွင်း မိုးဆက်တိုက်ရွာပြီး ချင်းတွင်းမြစ်ရေသည် ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းကြောင့် ဟုမ္မလင်းမြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ကိုးကျောင်း ပိတ်ထားရကြောင်း ဟုမ္မလင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
စစ်ကိုင်းပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဇော်ရဲထွဋ် ကျောင်းပြန်တက်ခွင့် လက်မခံပါက အစာငတ်ခံ ဆန္ဒပြမည်ဟု အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသော ဗကသအဖွဲ့ဝင် ကိုနှင်းအောင်က The Voice သို့ ပြောကြားသည်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဆိုင်းဘုတ်ကိုင်ကာ ကြိုဆိုခဲ့မှုကြောင့် အမှုဖွင့်ခံရသူနှစ်ဦး၏ အမှုကို ဇွန်လ ဒုတိယပတ်အတွင်း တရားရုံးတင်မည် ဖြစ်ကြောင်း ဟုမ္မလင်း မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောကြားသည်။