News

POST TAGGED AS

စစ်ကိုင်း

06-Apr-2017

စစ်ကိုင်း
မိုးဆက်တိုက်ရွာပြီး မြစ်ရေတက်၍ ယာယီ မြစ်ကူးတံတားများ မျောပါ

ကလေး၊ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းပြီး မြစ်ရေတက်လာသဖြင့် ကလေးခရိုင် အတွင်းရှိ မဏိပူရ်မြစ်ကိုဖြတ်၍ ကျေးရွာအချင်းချင်း ဆက်သွယ် သွားလာရန် တည်ဆောက်ထားသည့် ယာယီ လူကူးတံတားများ ယနေ့ (ဧပြီ ၆ ရက်) နံနက်က ရေစီးနှင့် မျောပါခဲ့ကြောင်း မြောက်စည်းကျေးရွာမှ ဦးသိန်းသန်းထွန်းက ပြောကြားသည်။

မဏိပူရ်မြစ်ရေသည် လွန်ခဲ့သည့်နှစ်ရက်ခန့်မှ စတင် တက်လာခဲ့ခြင်းဖြစ်ပြီး ကလေးမြို့နယ် အတွင်းရှိ မြောက်စည်းကျေးရွာနှင့် မဏိပူရ်မြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖူးရွာ၊ ဒိုးနွယ်ရွာနှင့် အင်းတင်ရွာတို့ကို သွားလာရသည့် ယာယီ မြစ်ကူးတံတားရေနှင့် မျောပါပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တံတားရေနဲ့ မျောပါသွားပြီဆိုတော့ စက်လှေတွေနဲ့ ကူးမှပဲ ရတော့မှာပေါ့”ဟု ၎င်းက ဆိုသည်။

မဏိပူရ်မြစ်သည် ကလေးမြို့ အထက်နားတွင် ကလေးမြို့အနီး ဖြတ်စီးသည့် မြစ်သာမြစ်အတွင်းသို့ စီးဝင်ကာ မြစ်သာမြစ်ရေသည် ယနေ့ (ဧပြီလ ၆ ရက်) နေ့လယ် ၁၂ နာရီ တိုင်းထွာချက်များအရ ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီ တိုင်းထွာခဲ့ရမှုထက် တစ်ပေမြင့်တက်ခဲ့ကြောင်း ကလေးမြို့မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးလွင်က ပြောကြားသည်။

R-20



FOLLOW US