News

POST TAGGED AS

စစ်ကိုင်း

06-Apr-2017

စစ်ကိုင်း
စစ်ကိုင်းသစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်တွင် ပါဝင်ခဲ့သူ လေးဦး ထောင်မှ ပြန်လွတ်
မိတ္ထီလာ၊ ဧပြီ ၆

၂၀၁၆ ခုနှစ် အတွင်းက စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veneer and Plywood Private Ltd. သစ်အချောထည်စက်ရုံမှ အလုပ်သမား သပိတ်စစ်ကြောင်းမှ လေးဦးသည် ယနေ့ (ဧပြီလ ၆ ရက်) နံနက်က ရွှေဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

“ကျွန်တော်တို့က ရမည်းသင်းက လွတ်ခဲ့ပြီ။ အဲဒီနောက်မှာမှ စစ်ကိုင်းကို ဖြတ်လျှောက်ခဲ့တဲ့အတွက် (၃၄၁) ပုဒ်မ ငြိမ်းစုစီ ပုဒ်မနဲ့စွဲတဲ့ကိစ္စပါ။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စစ်ကိုင်းတရားရုံးက ပုဒ်မ ၃၄၁နဲ့ ရွှေဘိုထောင်မှာ ထောင်ဒဏ်တစ်လစီ ကျခံရတဲ့ ကိုစောထွန်း၊ ကိုစိုးသူ၊ ကိုရန်မျိုးနိုင်၊ ကိုအောင်လင်းတို့ လွတ်မြောက်လာတာ ဖြစ်ပါတယ်” ဟု အဆိုပါ အလုပ်သမား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူ ရွှေဘိုခရိုင် ဗ.က.သ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုနှင်းအောင်က ရှင်းပြသည်။

ရွှေဘိုအကျဉ်းထောင်တွင် လက်ရှိ၌ သုံးဦး ကျန်ရှိနေသေးပြီး ကိုခိုင်မင်း၊ ကိုချမ်းအေးနှင့် မစိမ်းလဲ့ခိုင်တို့ ဖြစ်ကြောင်း၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလစီ ကျခံရမည်ဟု တရားရုံးက အမိန့်ချထားခြင်း ဖြစ်ကြောင်း၊ အလုပ်သမား သပိတ်စစ်ကြောင်း ခေါင်းဆောင် ကိုခိုင်မင်းမှာ ပုဒ်မ ၃၄၁ အမှုဖြင့်ပါ ပြစ်ဒဏ်ကျခံရမည်ဖြစ်၍ ထောင်ဒဏ်ငါးလ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

Myanmar Veneer and Plywood Private Ltd. သစ်အချောထည်စက်ရုံ သပိတ်စစ်ကြောင်းမှ အလုပ်သမား အင်အား စုစုပေါင်း ၁၂၈ ဦးသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျင်ခရီးဖြင့် ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က စတင်ချီတက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အစ မိုင်တိုင်အမှတ် ၄၂၅ အနီးသို့ အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးအရေးယူခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။



FOLLOW US