News

POST TAGGED AS

စစ်ကိုင်း

21-Dec-2016

စစ်ကိုင်း
အထက်တန်းကျောင်းအုပ်က မူလတန်းပြဆရာမကို ပါးရိုက်မှု စုံခုံဖွဲ့စစ်မည်
စစ်ကိုင်းတိုင်း မင်းကင်းမြို့ သင်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးက မူလတန်းပြကျောင်းဆရာမကို ပါးရိုက်ခဲ့သည်ဟုဆိုသောအမှုအား စုံခုံဖွဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ကလေးခရိုင်ပညာရေမှူးဦးအောင်ဌေးမြင့်က ပြောသည်။

တန်ဆောင်မုန်းလပြည့်ညက အလံများစုတ်ပြဲခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ယင်းကျောင်းမှ မူလတန်းပြကျောင်းဆရာမကို ကျောင်းအုပ်ရုံးခန်းအတွင်း ခေါ်ယူစစ်ဆေးရာတွင် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ စကားများပြောဆိုသဖြင့် အချေအတင်ဖြစ်ကာ ဆံပင်ဆွဲပါးရိုက်ခဲ့သည့်အတွက် အရေးယူပေးပါရန် မင်းကင်းမြို့နယ် ပညာရေမှူးရုံးသို့ မူလတန်းပြဆရာမက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"တိုင်းကနေပြီးတော့ စုံခုံဖွဲ့ပေးလိမ့်မယ်။ စုံခုံအဖွဲ့ကနေပြီးတော့မှ လိုအပ်တဲ့ သက်သေတွေ ခေါ်မေးလိမ့်မယ်။ သက်သေတွေ အားလုံးကို စစ်ဆေးမေးမြန်းပြီးမှ အပြစ်ကို ကြည့်မယ်" ဟု ဦးအောင်ဌေးမြင့်က ပြောသည်။

စုံခုံဖွဲ့စစ်ဆေးရန်အတွက် စစ်ကိုင်းတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူများ ယနေ့(ဒီဇင်ဘာ ၂၁ ရက်)တွင် ကလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။



FOLLOW US