News

POST TAGGED AS

စစ်ကိုင်း

12-Oct-2016

စစ်ကိုင်း
ကနီမြို့ ညောင်ပင်ဝန်းရွာ၌ မြေနိမ့်ကျခြင်းကြောင့် နေအိမ်ပြောင်းရွှေ့
စစ်ကိုင်းတို

ကနီမြို့ ညောင်ပင်ဝန်းရွာ၌ ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက မြေအောက်သို့ သုံးပေခန့် နိမ့်ကျသွားသဖြင့် နေအိမ်တစ်လုံးကို ဖျက်ကာ ပြောင်းရွှေ့ထားရပြီး နောက်ထပ်လေးလုံးခန့်လည်း ပြောင်းရွှေ့ရဖွယ်ရှိနေကြောင်း ညောင်ပင်ဝန်းရွာ အုပ်ချုပ်ရေမှူး ဦးထွန်းမင်းနိုင်က ပြောသည်။

"မြေက အောက်ကို သုံးပေလောက်နိမ့်ကျသွားလို့ လူတွေလဲ မနေရဲတာနဲ့ အခုမနက်ပဲ အိမ်ကို ဖျက်ပြီး ပုံထားလိုက်ရတယ်။ လူတွေကတော့ နေစရာ မရှိသေးလို့ သူ့အမျိုးတွေ အိမ်မှာ ကပ်ပြီးနေနေရတယ်။ ထပ်မံပြောင်းရွှေ့ရမယ့် အိမ်လေးလုံးလောက် ကျန်နေသေးပေမယ့် လောလောဆယ် စောင့်ကြည့်မှုတွေ လုပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

ညောင်ပင်ဝန်းရွာသည် ချင်းတွင်းမြစ် မြစ်ကမ်းဘေးတွင် တည်ရှိသည့်ရွာဖြစ်ပြီး ချောက်ငလျင်လှုပ်ခတ်ခဲ့သည့်နေမှစတင်၍ ကျေးရွာအနီး ချင်းတွင်းမြစ်နှင့်ကိုက် ၃၀၀ အကွာရှိ ရွာလယ်လမ်းမတွင် အရှည်ပေ ၁၅၀၀ ကျော်ရှိ မြေအက်ကြောင်းဖြစ်ပေါ်ခဲ့ရာမှ တဖြည်းဖြည်းမြေအက်ကြောင်းကြီးလာသကဲ့သို့ မြေမှာအောက်သို့ တဖြည်းဖြည်းနိမ့်ကျလာကြောင်း ဦးထွန်းမင်းနိုင်က ပြောသည်။

မြေအက်ကြောင်းများ ဖြစ်ပေါ်နေသည့် ညောင်ပင်ဝန်းကျေးရွာသို့ စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ ရောက်ရှိစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - ထွန်းထွန်းဝင်း



FOLLOW US