News

POST TAGGED AS

စစ်ကိုင်း

ရေဆိုးထုတ်မြောင်း နံရံပြို၍ လူနှစ်ဦးသေဆုံး


ဗန်းမော်၊ ဩဂုတ်၂၁

ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းကြားရှိ ရေဆိုးထုတ်မြောင်း ပြုပြင်ရေးလုပ်ငန်းခွင်တွင် ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၂ နာရီက ရေဆိုးထုတ်မြောင်းနံရံ ပြိုကျသဖြင့် အလုပ်လုပ်ကိုင်နေသော လုပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။ 

ရေဆိုးထုတ်မြောင်း ပြုပြင်ရေးလုပ်ငန်းကို သီဟဓနဆောက်လုပ်ရေး ကုမ္ပဏီက လုပ်ကိုင်နေပြီး ဆောက်လုပ်ရေးလုပ်သား ကိုဇော်ဇော် (၂၈ နှစ်) နှင့် မောင်ရဲရင့်ဇော် (၁၆ နှစ်) တို့အပါအဝင် သုံးဦးမှာ ရေနုတ်မြောင်းအတွင်းသို့ အောင်ခြေမြေသားရှင်းလင်းစဉ် အမြင့် ၅ ပေ၊ အလျား ၂၄ ပေ၊ ထု ၉ လက်မရှိသော ရေမြောင်းနံရံ လဲကျရာမှ ပိမိခဲ့ကြောင်း မင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ပြောသည်။ 

၎င်းတို့ကို မြို့နယ် မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ထုတ်သော်လည်း ကိုဇော်ဇော်နှင့် မောင်ရဲရင့်ဇော်တို့ သေဆုံးခဲ့ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်း အမှတ်စဉ် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှသိရသည်။  

R-14



FOLLOW US