POST TAGGED AS

စစ်ကိုင်း

15-Aug-2018

မူးယစ်ဆေးဝါး
အဆိုတော် ရသ မူးယစ်ဆေးများနှင့် အဖမ်းခံရ


မန္တလေး၊ သြဂုတ် ၁၅

အဆိုတော် ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းမှ ဟိုတယ်တစ်ခုတွင် မူးယစ်ရဲတပ်ဖွဲ့က သတင်းရရှိမှုကြောင့် ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက ပြောကြားသည်။

လက်ရှိတွင် ရသ၊ ခေမီနှင့် ၎င်းတို့၏ ယာဉ်မောင်းတို့ကို အောင်ပင်လယ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်စစ်ဆေးလျက်ရှိသည်။

M-04



FOLLOW US