News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းတွင် ယာဉ်နှစ်စီးတိုက်၍ လူ ၇ ဦးသေဆုံး
မုံရွာ၊ ဇွန် ၅

စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည် ကုန်းကျေးရွာအနီး မုံရွာ-မန္တလေး လမ်းမပေါ်တွင် ဇွန်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က ယာဉ်နှစ်စီးတိုက်ရာမှ လူ ၇ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က စစ်ကိုင်းဘက်မှမောင်းနှင်လာပြီး လူ ၁၆ ဦးပါရှိသည့် လိုက်ထရပ်ကားနှင့် မုံရွာဘက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ်တို့ တိုက်မိခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးငါးဦးသေဆုံးခဲ့ပြီး ကုန်တင်ယာဉ်မောင်းမှာ ထွက်ပြေးသွားသည့်အတွက် ဖမ်းဆီးအရေးယူနိုင်ရန် ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျန်ဒဏ်ရာရရှိသူများသည် လက်ရှိ စစ်ကိုင်းမြို့ခုတင် ၂၀၀ ဆံ့ဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှုခံယူနေကြောင်း ရွာသစ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်ကို (ပ) ၂၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ က၊ ၃၃၇/၃၃၈ ဖြင့်အမှု ဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-08



FOLLOW US