News

POST TAGGED AS

စစ်ကိုင်း

27-May-2018

လူသတ်မှု
ဖောင်းပြင်တွင် ကျောင်းဆရာမတစ်ဦးအသတ်ခံရမှု ကျူးလွန်သူကို ဖမ်းမိ
ကလေး၊ မေ ၂၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မန်းမော်ကျေးရွာတွင်နေထိုင် သည့် မူလတန်းပြကျောင်းဆရာမတစ်ဦး အသတ်ခံရမှုတွင် လူသတ်မှု ကျူးလွန်သူ ဟု ယူဆရသူ ကိုဖမ်းဆီးရမိထားပြီဖြစ် ကြောင်း ဖောင်းပြင်မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မန်းမော်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ တစ်ဦးသည် မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ပိုးစားကုန်းကျေးရွာရှိ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမတစ်ဦးကိုကြိုရန် လေးမိုင် ခန့်ဝေးသောခရီးကို ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်သွားရာမှ ပိုးစာကုန်းကျေးရွာ မရောက်မီလမ်းခုလတ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှု ကျူးလွန်သူကိုစုံစမ်းစစ်ဆေးခဲ့ရာ မေလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျူးလွန်သူဟု ယူဆရသူမှာ မန်းမော်ကျေးရွာနေ စိုးထက်နိုင် ၂၅ နှစ်ဖြစ်ကြောင်း ဖောင်းပြင် မြို့နယ်ရဲစခန်းမှ စခန်းမှူးရဲမှူး ခင်မောင်အေးက ပြောကြားသည်။ 

“သူလုပ်တယ်ဆိုတာကတော့ ဝန်ခံတယ်။ အသေးစိတ်ကိုတော့ စစ်ဆေးနေတုန်းပဲ”ဟု ဖောင်းပြင်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ယင်းအမှုကို ဖောင်းပြင်မြို့နယ်ရဲစခန်းက (ပ)၆၅။၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

R-20



FOLLOW US