News

POST TAGGED AS

စစ်ကိုင်း

25-Jul-2017

တုပ်ကွေး
H1N1 လူနာနှစ်ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံရောက်ရှိလာသည့် လူနာနှစ်ဦးမှာ H1N1 ရောဂါဖြင့် ယနေ့ (ဇူလိုင်လ ၂၅ ရက်) တွင် သေဆုံးသွားကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။
“ဆေးရုံရောက်လာပြီး သိပ်မကြာဘူး။ ဆုံးတယ်။ H1N1 Positive ဖြစ်တဲ့အတွက် H1N1 လို့ပဲ သတ်မှတ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးသူနှစ်ဦးမှာ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် အခြားတစ်ဦးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ယခင်ကတည်းက တက်ရောက်ကုသနေသည့် လူနာသုံးဦးမှာမူ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ဒေါက်တာအေးကိုကိုက ပြောကြားသည်။

J-12




FOLLOW US