News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမြွှာပူး မွေးမိခင်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၇၀၀ ကျော် ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၊ ပွင့်လျက်ကျေးရွာတွင် ချောင်းရေ တိုက်စားမှုမခံရစေရေးအတွက် အရှည် ပေ ၅၀၀ ခန့်ရှိ ရေကာတာကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြောင်း ယင်းအုပ်ချုပ်ရေးမှူး ဦးဘချိုက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်းနှင့် တောင်ယာလုပ်ကိုင်ကြသည့် လယ်မဲ့ယာမဲ့တောင်သူ ၁၀၀ ကျော်ကို လယ်ဧက ၂၀၀ အခမဲ့ပေးအပ်ကာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စေခဲ့ကြောင်း ခန္တီးမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီးရှိပြီး ၂၀၁၇ ခုနှစ် မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မြေထိန်းနံရံကို ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒုဦးစီးမှူး ဦးကျော်စိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယမန်နေ့ညနေပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကနီ၊ ကန့်ဘလူ၊ ကလေးဝကလေး၊ ဖောင်းပြင်၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ရေဦး၊ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ တမူး၊ မင်းကင်း၊ ကသာခရိုင်နှင့် စစ်ကိုင်းမြို့နယ်တို့မှ နေအိမ်နှင့် သာသနိကအဆောက်အအုံ စုစုပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တောင်သူများကို ကုမ္ပဏီက ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောကြားသည်။
09-May-2018 tagged as စစ်ကိုင်း
စစ်ကိုင်းတိုင်းအတွင်းရှိ ဆားတောင်မြို့နှင့် မင်းကွန်းမြို့ကို တိုက်ရိုက်သွားနိုင်သည့် လမ်းကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦးက ပြောကြားသည်။
စစ်ကိုင်းမြို့၌ မေလ ၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပိုက်ဆံအိတ်လုယက်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ တပ်သိမ်းမြေများအနက် မြေဧက ၅၀၀ ကို တပ်မတော်က ပြန်လည်စွန့်လွှတ်ပေးအပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း မော်လိုက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက ပြောကြားသည်။
စစ်ကိုင်းမြို့ မဟာသိမ်တော် ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း မဟာသိမ်တော်ကြီးကို မြန်မာ-ထိုင်း ပညာရှင်များဖြင့် ထိန်းသိမ်းပြုပြင်မည်ဖြစ်ကြောင်း အဆိုပါကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားသည်။