News

POST TAGGED AS

စင်ကာပူ

03-May-2018 tagged as စင်ကာပူ
စင်ကာပူနိုင်ငံချန်ဂီလေဆိပ်တွင် ခရီးသည်များ ဝင်ရောက်ထွက်ခွာမှု ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပြီးမျက်နှာ ခွဲခြားသိမှတ်စနစ် (Facial Recognition) ကို စမ်းသပ်သုံးစွဲနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်အတူ ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ကျင်းပသင့်သောနိုင်ငံများကို စဉ်းစားရာတွင် စင်ကာပူလည်းပါဝင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံတော် သမ္မတသစ် ဦးဝင်းမြင့် ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဧပြီလ ၂၆ရက်က မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။
နှစ်စဉ်ကျင်းပနေသော အာရှ-ပစိဖိတ်နိုင်ငံတကာ ပညာရေးညီလာခံ Asia-Pacific Association for International Education (APAIE) တွင် သောသောညံခဲ့သည့် အဓိကအကြောင်းအရာမှာ Industry 4.0 ဖြစ်ပါသည်။ ခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ခုဖြစ်သည့် Industry 4.0 ခေတ်ဆီသို့ ဦးတည်သွားနေချိန်တွင် ယင်းတော်လှန်ရေးနှင့် လိုက်လျောညီထွေရှိမည့် ပညာရေးစနစ်ဆီသို့ ဦးတည်ပြီး သင်ယူမှုလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အရေးများ၊ ဘဝနှင့်နေထိုင်မှုပုံစံများကို ပြောင်းကြရမည်ဖြစ်သည်။
စင်ကာပူတွင် လာရောက်လည်ပတ်နေသူများ၊ အလုပ်လုပ်နေသူများနှင့် နေထိုင်လျက်ရှိကြသူများသည် နိုင်ငံရေးလှုပ်ရှားရန် ပလက်ဖောင်းတစ်ခုအဖြစ် စင်ကာပူကို အသုံးမပြုကြရန် စင်ကာပူရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ရေးသားဖော်ပြထားသည်။
ယမန်နှစ်အတွင်း စင်ကာပူနိုင်ငံတွင် လောင်းကစားလုပ်သူအချိုးမှာ လွန်ခဲ့သော သုံးနှစ်ကထက် မြင့်တက်လာခဲ့ကြောင်း လောင်းကစားပြဿနာဆိုင်ရာ အမျိုးသားကောင်စီ (NCPG) က ပြုလုပ်သော စစ်တမ်းတစ်ရပ်ကို ကိုးကားပြီး CNA သတင်းကဖော်ပြသည်။
ဒေသတွင်း၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့် အကျိုးစီးပွား ကြီးထွားလာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဟန်ချက် ပြောင်းလဲကာ အရှေ့တောင်အာရှ နိုင်ငံများအကြား စိုးရိမ်တကြီးတုံ့ပြန်မှုများ ဖြစ်ပေါ်လာစေသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် သက်တမ်းအရှည်ဆုံးတက္ကသိုလ် တစ်ခုဖြစ်သည့် National University of Singapore (NUS) က လုပ်ငန်းခွင်နှင့်ဆက်စပ်သော၊ လုပ်ငန်းခွင်များက လိုအပ်သော သင်ကြား၊ သင်ယူမှုများကို ပြန်လည်ဖော်ဆောင်ရန် ကြိုးစားနေသည်။ သူတို့က ဆန်းသစ်သည့် ပိုင်းဖြတ် (အကဲဖြတ်) စနစ်ဖြင့် လူကြီးများကို ကျောင်းပြန်တက်နိုင်မည့် အစီအစဉ်များကို ပြန်လည်ဆောင်ရွက်နေကြသည်။ တစ်နည်းအားဖြင့်ပြောရလျှင် တက္ကသိုလ်ကျောင်းပြီးသွားပြီး အလုပ်လုပ်နေသူများ၊ အလုပ်နားနေသူများ ကျောင်းသား ကျောင်းသူဟောင်း အားလုံးကို ဘဝတစ်သက်တာ ပြန်လည်လေ့လာသင်ကြားနိုင်ရေးအတွက် ပြန်လည်စီစဉ်ပေးနေခြင်းဖြစ်သည်။
စင်ကာပူကုမ္ပဏီနှစ်ခုသည် မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများတင်ပို့နေပြီး ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက်ရှိကြောင်း ပေါက်ကြားလာသည့် ကုလသမဂ္ဂ အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
စင်ကာပူနိုင်ငံတွင် ၂၀၁၇ ခုနှစ်ကတည်းက မူလတန်းကျောင်းပေါင်း ၁၉၁ ကျောင်းအနက် ကျောင်းပေါင်း ၈၀ တွင် Applied Learning Programmes ဆိုသည့် အစီအစဉ်များကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ Applied Learning Programmes ဆိုသည်မှာ ကလေးများကို လက်တွေ့ဘဝနှင့် အနီးစပ်ဆုံးဖြစ်စေရန် သင်ကြားခြင်း၊ လက်တွေ့လောကထဲသို့ခေါ်ပြီး ပစ္စည်းအစစ်အမှန်များကို ထိတွေ့၊ မြင်တွေ့စေခြင်းနှင့် လက်တွေ့လုပ်ဆောင်စေသည့် နည်းစနစ်အတိုင်း သင်ကြားနည်းကို ခေါ်ဆိုပါသည်။