News

POST TAGGED AS

စင်ကာပူ

ထရမ့်-ကင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ စင်ကာပူ ဆန်တိုဆာရှိ Capella ဟိုတယ်တွင်ကျင်းပမည်
ဝါရှင်တန်၊ ဇွန် ၆

လာမည့်သီတင်းပတ်အတွင်း အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲသည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင်  ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအတွက် သမိုင်းဝင်ဖြစ်ရပ်အဖြစ် သတ်မှတ်ခံရမည့် ယင်းထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့၊ ဆန်တိုဆာရှိ Capella ဟိုတယ်တွင် ကျင်းပဖြစ်လိမ့်မည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ  ဆာရာဆန်းဒါးစ်က ပြောကြားသည်။

အမေရိကန်အိမ်ဖြူတော်သည် အဆိုပါထိပ်သီးဆွေးနွေးပွဲကျင်းပမည့် အချိန်သည် ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီဖြစ်သည်ဟုလည်း ယမန်နေ့က ကြေညာခဲ့ပြီးနောက် ယခုလို ကျင်းပမည့်နေရာကို ထပ်မံကြေညာခြင်းဖြစ်သည်။

“ယခုလို ထိပ်သီးဆွေးနွေးပွဲကြီး ကျင်းပနိုင်အောင် ဧည့်ဝတ်ကျေပွန်လွန်းလှတဲ့ စင်ကာပူနိုင်ငံနဲ့ စင်ကာပူအစိုးရကို ကျွန်မတို့ လွန်စွာ ကျေးဇူးတင်ရှိပါတယ်”ဟု ဆာရာဆန်းဒါးစ်ကွှတငအအနမ စာမျက်နှာတွင်ရေးသားဖော်ပြသည်။

တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအဖြစ် သတ်မှတ်ခံရမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးကိစ္စမှာ အခြေအနေအလွန် ကောင်းမွန်လျက်ရှိသည်ဟု ထရမ့်က အိမ်ဖြူတော်ဘဲဥပုံရုံးခန်း၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“ထိတွေ့ဆက်ဆံမှုတွေ အများကြီး ရှိထားပါပြီ။ စင်ကာပူခရီးစဉ် မစတင်မီ စေ့စပ်ဆွေးနွေးထားတာတွေလည်း အများကြီးရှိနေပါတယ်။ ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ ကြည့်ကြတာပေါ့။  ဒါပေမဲ့ အင်မတန် အရေးကြီးလာပြီလို့ ပြောချင်ပါတယ်၊ ဒီတစ်ရက်၊ နှစ်ရက်ဟာ အင်မတန် အရေးကြီးတယ်”ဟု ထရမ့်က ပြောကြားသည်။

မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် ဒဏ်ခတ် အရေးယူမှုမူဝါဒများမှာ  ဆက်လက် တည်ရှိနေမည်ဖြစ်သည်ဟု အိမ်ဖြူတော်ကဆိုသည်။ သမ္မတထရမ့်က အမြင့်ဆုံး ဖိအားပေးသည်ဟူသော အသုံးအနှုန်းကို မသုံးလိုတော့ကြောင်း ပြောဆိုထားသော်လည်း ဒဏ်ခတ် အရေးယူမှုများ ဆက်ရှိနေမည်ဟု ယမန်နေ့က အသိပေးခဲ့သည်။

ကင်ဂျုံအန်း၏ ညာလက်ရုံးဟုဆိုသော ထိပ်တန်းသံမတန် ဗိုလ်ချုပ်ကြီး  ကင်ယောင်ချွာကို အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် ထရမ့်က မြောက်ကိုရီးယားဘက်မှ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာသည်ဟု ဆိုသည်။

စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးကိစ္စကို ဦးတည် ဆွေးနွေးဖွယ်ရှိသော်လည်း သမ္မတထရမ့်က ယင်းဆွေးနွေးပွဲတွင် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ တရားဝင်ပြီးဆုံးကြောင်း သဘောတူညီချက် ရရှိနိုင်သည်ဟု ဆိုသည်။ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ယင်းကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ အဆုံးသတ်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးနှင့် အဆုံးသတ်ခဲ့ခြင်း မဟုတ်ပေ။ 

F-01



FOLLOW US