News

POST TAGGED AS

စက်သုံးဆီ

မြစ်ဝကျွန်းပေါ်ဒေသရှိ ကိုင်းစိုက်ခင်းများ၏ စိုက်ပျိုးရေလိုအပ်ချက်အရ စက်သုံးဆီကို အားထားအသုံးပြုနေရသဖြင့် လက်ရှိမြင့်တက်နေသည့် စက်သုံးဆီဈေးကြောင့် အရှုံးပေါ်နိုင်ရာ စိုက်ပျိုးမှုဧက ထက်ဝက်လျှော့ချရန်စီစဉ်နေကြကြောင်း ကိုင်းစိုက်တောင်သူအများစုက ပြောကြားသည်။
လက်ရှိ၌ စံချိန်တင်မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း၌သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီဆိုင်များကို ယခုနှစ်ကုန်ပိုင်းမှစတင်၍ အရေးယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပဲခူးတိုင်း မြန်မာ့ရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပမှ တင်သွင်းသော စက်ဆီ၊ ချောဆီများကို စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ တင်သွင်းသည့်အကြိမ်တိုင်းတွင် နမူနာရယူပြီး အရည်အသွေးစစ်ဆေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။
07-Aug-2018 tagged as စက်သုံးဆီ
အမြင့်ဈေးဖြင့် ငြိမ်သက်နေသော စက်သုံးဆီဈေးနှုန်းသည် ယခုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ်သို့ ထပ်မံရောက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်ရောင်းချနေသော စက်သုံးဆီ ဆိုင်ငယ် (ပန့်ဆိုင်အသေးစား) များအတွက် တရားဝင်ရောင်းချခွင့်ကို လောလောဆယ်တွင် ခွင့်မပြုနိုင်သေးကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
မန္တလေးမြို့တွင်း၌ ရောင်းချလျက်ရှိသော လိုင်စင်မဲ့စက်သုံးဆီဆိုင်များကို စီမံချက်ဖြင့် စစ်ဆေးအရေးယူခဲ့ရာ သုံးရက်အတွင်း ဆိုင်ပေါင်း ၂၀ ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျပ်နှစ်သိန်းစီ ဒဏ်ရိုက်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ PUMA က ၂၀၁၉ ခုနှစ်တွင် စက်သုံးဆီ လက်လီဈေးကွက်သို့ စတင်ဝင်ရောက်ရန် လျာထားကြောင်း ယင်းကုမ္ပဏီ၏ Com- mercial Manager ဦးဝေလျှံမင်းက ပြောကြားသည်။