News

POST TAGGED AS

စက်သုံးဆီ

12-May-2017

စက်သုံးဆီ
ပြည်ပဈေးကျ၍ ပြည်တွင်းစက်သုံးဆီ ဈေးကျ
ရန်ကုန်၊ မေ ၁၁

စင်ကာပူနိုင်ငံမှ အဓိက တင်သွင်းသည့် စက်သုံးဆီဈေးနှုန်းသည် ပြည်ပဈေးကျ၍ ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများလည်း လိုက်ပါကျဆင်းကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။

စက်သုံးဆီဈေးနှုန်းသည် အမြင့်ဈေးဖြင့် ငြိမ်သက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုအခါမှသာ ဈေးပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

လက်လီဈေးသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကထက် တစ်လီတာလျှင် ၁၀ ကျပ်မှ ၂၀ ကျပ်ခန့်၊ လက်ကားဈေးကွက်တွင် တစ်လီတာလျှင် ၁၀ ကျပ်မှ ၂၀ ကျပ်ခန့်နှင့် ပြည်ပစက်သုံးဆီဈေးသည် တစ်စည်လျှင် နှစ်ဒေါ်လာခန့် ကျဆင်းသွားခြင်း ဖြစ်ကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ စက်သုံးဆီဈေးကွက် အခြေအနေသည် ပြည်ပဈေးနှုန်း အပြောင်းအလဲပေါ်တွင်သာ လိုက်လံပြောင်းလဲနိုင်ပြီး အမေရိကန်ဒေါ်လာဈေးမှာမူ ငြိမ်သက်နေခြင်းကြောင့် အပြောင်းအလဲ ဖြစ်ပေါ်နိုင်ခြင်း မရှိကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များက ပြောဆိုသည်။

စက်သုံးဆီလက်လီဈေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၇၁၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၉၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၄၀ ကျပ်ဈေးရှိပြီး လက်ကားဈေးနှုန်းမှာ ဒီဇယ်တစ်လီတာလျှင် ၆၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၆၄၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၂၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၆၆၅ ကျပ် ဈေးရှိကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။

ထို့ပြင် ပြည်ပစက်သုံးဆီဈေးနှုန်းတွင် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၉ ကျော်၊ အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၉ ကျော်၊ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၉ ကျော်နှင့် အောက်တိန်း ၉၅ တစ်စည်လျှင် ၆၂ ဒေါ်လာကျော် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US