News

POST TAGGED AS

စက်မှုဇုန်

သီလဝါအထူးစီးပွားရေးဇုန်အေ၌ နယ်သာလန်နည်းပညာအသုံးပြုကာ တိရစ္ဆာန်အစာနှင့်ဆေးဝါးများ ဖြန့်ဖြူးထုတ်လုပ်မည့် Trown Nutrition Myanmar ဆေးဝါးစက်ရုံသစ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယ်သာလန်အခြေစိုက် Trown Nutrition ကုမ္ပဏီထံမှ သိရသည်။
စက်မှုဇုန်များအတွင်း လမ်းများပျက်စီးခြင်း၊ ရေသန့်မရရှိခြင်းနှင့် ကျူးကျော်များကြောင့် လမ်းများဆိုးရွားလာခြင်း စသည့် အခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းက အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။
မြန်မာ - ကိုရီးယား နှစ်နိုင်ငံပူးပေါင်း၍ ဆောက်လုပ်မည့် စက်မှုဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားအတိုင်း လစာ ၂ နှစ်ထိ မရသည့် အလုပ်သမားများအတွက် လစာများ ပြန်ပေးရန် Star World ပလတ်စတစ်စက်ရုံလုပ်ငန်းရှင်ကို လှိုင်သာယာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အမိန့်ချခဲ့သော်လည်း မလိုက်နာသဖြင့် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် ကိုအောင် သီဟစိုးက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအားလုံးကို အဆင့်မြှင့်တင်ရာတွင် တောင်ဒဂုံစက်မှုဇုန်ကို ရှေ့ပြေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ရွေးချယ်လိုက်ကြောင်း တောင်ဒဂုံစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က တွံတေးတံတားအနီးတွင် စက်မှုဇုန်နှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် စီစဉ်ပြီးဖြစ်ရာ လယ်ပိုင်ရှင်များကို တစ်ဧကလျှင် ၂၀ ရာခိုင်နှုန်း မြေအစားပြန်ပေးမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်များရှိ မြေများကို သင့်တော်သည့်နှုန်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း မှော်ဘီမဲဆန္ဒနယ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
06-Dec-2017 tagged as စက်မှုဇုန်
လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းကြောင့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ဆယ်နှင့်ချီ၍ လုပ်ငန်း လည်ပတ်မှုများ ယာယီ ရပ်ဆိုင်းလိုက်ရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် တရုတ်နှင့် မြန်မာ ဖက်စပ်ရင်းနှီးမြှုပ်နှံ၍ မြေဧက ၂၅၀ ပေါ်တွင် စက်မှုဇုန်အသစ်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၂ မြို့နယ်နှင့် ကိုကိုးကျွန်းတို့တွင် စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။