News

POST TAGGED AS

စက်ဘီးစီး

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တက္ကသိုလ်ကျောင်းဝင်းအတွင်း စက်ဘီးစီးသွားလာသည့် အလေ့အထ မရှိသလောက် နည်းပါးနေသေးသည့် မြန်မာနိုင်ငံတွင် ကျောင်းဝင်းအတွင်း စက်ဘီးအငှားစီး စနစ်ကို မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၌ အစီးရေ ၂၀ ဖြင့် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ Kyaing Tong.Mountain Bike အဖွဲ့မှ စက်ဘီးစီးအဖွဲ့ဝင်များသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လေထု ညစ်ညမ်းမှု စုပေါင်း လျှော့ချရေး လှုပ်ရှားမှုအဖြစ် ချင်းပြည်နယ်၊ နတ်မတောင်(ခ) ခေါနုသုမ်(ခ) ဝိတိုရိယတောင်သို့ စက်ဘီးစီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
"ကျိုင်းတုံစက်ဘီးအဖွဲ့တွေအပါအဝင် ဝါသနာရှင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းပြီး မြို့တစ်ပတ် စက်ဘီးစီးနင်းမယ်။ဒါ့အပြင် စုပေါင်းလမ်းလျှောက်ခြင်းနဲ့ ဂေါက်ပြိုင်ပွဲတွေပြုလုပ်မယ့်အပြင် ကွင်းဆင်းဆေးကုသခြင်းတွေ လုပ်မယ်။ဒီလှုပ်ရှားမှုတွေကို လူမှုရေးဝန်ကြီးကိုယ်တိုင်ပါဝင်တက်ရောက်ပါမယ်"