News

POST TAGGED AS

ငှက်ဖျားရောဂါ

ဂျာမနီနိုင်ငံထုတ် ငှက်ဖျားရောဂါပိုး ရှာဖွေသည့်ကိရိယာကို အသုံးပြုနိုင်ရန် စဥ့်ကူးမြို့နယ်အတွင်းရှိ လူဦးရေတစ်သောင်းခန့်ကို သွေးဖောက်စစ်ဆေးကာ သုတေသနပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာန ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ရ.ပ.က.န (ငှက်ဖျား) ထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာပြီး ယခုနှစ်တွင် လူတစ်ထောင်တွင် တစ်ယောက်အောက်သာရှိပြီး သေဆုံးမှုလည်း မရှိတော့ဟု မွန်ပြည်နယ် ငှက်ဖျားဆရာဝန်ကြီးက ပြောသည်။
“ဒီရောဂါဖြစ်စေတဲ့ခြင်က ညဘက်မှာ ကိုက်တာဖြစ်လို့ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ရင်တော့ ကူးစက်မှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်”