News

ငါးအတင်အချ ဆိပ်ကမ်းများကို ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးမည်


ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်မြို့အတွင်းရှိ ငါးအတင်အချ ပြုလုပ်လျက်ရှိသည့် ဆိပ်ကမ်းများကို ဘေးပတ်ဝန်းကျင်များ ညှီနံ့ နံ၊ မနံနှင့် လူမှုဘဝထိခိုက်မှု ရှိ၊ မရှိကို လာမည့်မေလအတွင်း လေ့လာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

ငါးအတင်အချဆိပ်ကမ်းများကို ဘေးပတ်ဝန်းကျင် အနံ့အသက်မဖြစ်ပေါ်စေရန်၊ ပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှု ရှိ၊ မရှိ လေ့လာဆန်းစစ်ခြင်း (EIA/SIA) နှင့် ကိုက်ညီမှုရှိ၊ မရှိနှင့် သန့်ရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို လုပ်ငန်းရှင်များ သိရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

“ငါးအတင်အချလုပ်တဲ့ ရေထွက်ပစ္စည်းစက်ရုံ ဆိပ်ကမ်း ၁၁ ခုရှိတယ်။ အဲဒီအထဲမှာ အီးယူကိုတင်ပို့နေတဲ့ နိုင်ငံတကာ စက်ရုံက နှစ်ရုံပဲရှိတယ်။ ကျန်တဲ့စက်ရုံဆိပ် ကမ်းတွေအနေနဲ့ ဘေးပတ်ဝန်းကျင် အနံ့အသက်မဖြစ်အောင်နဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာတွေကိုသိအောင် ပြုပြင်ပြောင်းလဲဖို့အတွက် လိုက်စစ်မှာပါ” ဟု ၎င်းက ပြောဆိုသည်။ 

ရန်ကုန်မြို့တွင် ငါးအတင်အချပြုလုပ်လျက်ရှိသည့် ရေထွက်ပစ္စည်းစက်ရုံဆိပ်ကမ်းပေါင်း ၁၁ ခုရှိပြီး အဆိုပါစက်ရုံ ဆိပ်ကမ်း ၁၁ ခုထဲတွင် အီးယူ (ဥရောပသမဂ္ဂ) စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသည့် စက်ရုံဆိပ်ကမ်း ၂ ခုသာရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

J-11



FOLLOW US