News

POST TAGGED AS

ငါးလုပ်ငန်းအဖွဲ့

ငွေဆောင်တွင် ခိုးဝင်ဘင်္ဂါလီသတင်းရ၍ ရဲနှင့် တပ်က ရှာဖွေ
ပုသိမ်၊ မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမြို့တွင် ခိုးဝင်ဘင်္ဂါလီသတင်းရသဖြင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်က ရှာဖွေနေကြောင်း ငွေဆောင်နယ်မြေရဲစခန်းထံမှ သိရသည်။ 

ငွေဆောင်ကမ်းခြေမြို့ ပင်လယ်ပြင်မှ ခိုးဝင်ဘင်္ဂါလီများ လိုက်ပါလာသော စက်လှေတစ်စင်းဝင်လာမည်ဟု သတင်းရသဖြင့် ငွေဆောင်ကမ်းခြေ ပင်လယ်ပြင်တွင် တာဝန်ရှိသူများက ရှာဖွေနေပြီး လက်ရှိတွင် ယင်းစက်လှေကို မတွေ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဘင်္ဂါလီများ စက်လှေဖြင့် ငွေဆောင်ကမ်းခြေမြို့ မကျီးမှော်ရွာရှိ ပင်လယ်ပြင်သို့ ဝင်ရောက်သည်ဟု သတင်းရမှုနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ အသက် ၄၈ နှစ် အရွယ် အမျိုးသားကို မတ်လ ၁၂ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းကို စစ်ဆေးမေးမြန်းချက်အရ လှေလုပ်သားသုံးဦးနှင့် ဘင်္ဂါလီ ၁၆ ဦး လိုက်ပါလာကြောင်း၊ အဆိုပါစက်လှေကို စစ်တွေမှ ငွေဆောင်မြို့ မကျီးမှော်အထိ လမ်းပြခ ကျပ် ၁ သိန်း ရရှိကြောင်း ထွက်ဆိုသည်။

ဦးစိုးနိုင်က ငွေဆောင်ကမ်းခြေမြို့ပေါ်တက်ကာ စက်လှေပေါ်လိုက်လာသူများအတွက် ရိက္ခာဝယ်ယူပြီး အခြေအနေအရပ်ရပ်ကို စုံစမ်းမေးမြန်းမှုကို ဒေသခံများက မသင်္ကာဖြစ်ရာမှ သက်ဆိုင်ရာကို သတင်းပေးပို့ခဲ့ကြောင်း ဒေသခံဦးအေးမြင့်က ပြောသည်။

R-12



FOLLOW US